• Follow Us on

Home ‘Shadow’ ဒရုန်းကိုအစားထိုးရန် အမေရိကန်တပ်မတော် စဉ်းစား

‘Shadow’ ဒရုန်းကိုအစားထိုးရန် အမေရိကန်တပ်မတော် စဉ်းစား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁ (People Media)

 

Shadow အမည်ရှိ သက်တမ်းရင့် မောင်းသူမဲ့လေယာဉ်ကိုအစားထိုးရန် အမေရိကန်တပ်မတော်က အတည်ပြု ထောက်ခံလိုက်ကြောင်း Defense News တွင်ရေးသားဖော်ပြခဲ့သည်။

 

အမေရိကန်တပ်မတော်သည် ဂျော်ဂျီယာပြည်နယ်၊ ဖို့ဒ်ဘန်းနီးတပ်စခန်းတွင် ပြုလုပ်နေသော အနာဂတ်တွင် အစားထိုးနိုင်မည့်မောင်းသူမဲ့လေယာဉ်များအား ပြန်လည်ဆန်းစစ်ခြင်းကို ရပ်တန့်ခဲ့ပြီး Shadow မောင်းသူမဲ့ လေယာဉ်ကို အစားထိုးနိုင်မည့် ထောက်ခံချက်ရပြီးသား မောင်းသူမဲ့လေယာဉ်အသစ်များအား ၂၀၂၀ ခုနှစ်က တည်းက တွက်ချက်အကဲဖြတ်ခဲ့ကြသည်။

 

ရွေးချယ်ထားသောမောင်းသူမဲ့လေယာဉ်များမှာ ဖွဲ့စည်းပုံမှ ပျံသန်းခြင်းအထိ Shadow မောင်းသူမဲ့လေယာဉ် ထက် ပိုမိုလျင်မြန်စွာအလုပ်လုပ်နိုင်သည့်အပြင် အခြားစွမ်းရည်များအနေဖြင့် ဆိုးရွားပြင်းထန်သောရာသီဥတု တွင် ပျံသန်းနိုင်စွမ်းရှိပြီး အလိုအလျောက် တက်/ဆင်း နိုင်သည်။

 

Shadow မောင်းသူမဲ့လေယာဉ်ကိုအစားထိုးရန်လျာထားသည့် မောင်းသူမဲ့လေယာဉ်များစာရင်းတွင် Martin UAV ကုမ္ပဏီမှထုတ်လုပ်သည့် V-Bat UAS ဒရုန်း၊ Shadow စီးရီးများကိုထုတ်လုပ်ခဲ့သည့် Textron ကုမ္ပဏီမှ ထုတ်လုပ်သော Aerosonde HQ ဒရုန်း၊ Arcturus-UAV ကုမ္ပဏီမှ ထုတ်လုပ်သည့် Jump 20 system ဒရုန်း နှင့် L3Harris ကုမ္ပဏီမှထုတ်လုပ်သည့် FVR-90 ဒရုန်းတို့ပါဝင်သည်။

 

Shadow မောင်းသူမဲ့လေယာဉ်သည် Textron ကုမ္ပဏီမှထုတ်လုပ်သည့် လေယာဉ်ပြေးလမ်းကိုမှီခိုနေရသော UAV system ဖြစ်ပြီး ယင်းကုမ္ပဏီက “သင်၏စစ်ဆင်ရေးအောင်မြင်ပြီးမြောက်နိုင်ရေးကူညီထောက်ပံ့ရန် အား ထားလောက်သည့် စွမ်းရည်ရှိသော နည်းဗျူဟာမြောက် မောင်းသူမဲ့လေယာဉ်ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။ ယင်းလေယာဉ်တွင် စစ်ဆင်ရေးမျိုးစုံအတွက်ဖြစ်စေ၊ စစ်ပွဲအတွင်း တစ်စင်းချင်းပျံသန်းမှုအတွက်ဖြစ်စေ၊ လူ ကိုယ်တိုင်ထိန်းကျောင်းမောင်းနှင်မှုဖြစ်စေ၊ မောင်းသူမဲ့မောင်းနှင်မှုဖြစ်စေ အဆင်ပြေအောင်ဆောင်ရွက်နိုင်ရန် ထိန်းညှိပေးသည့် ဒစ်ဂျစ်တယ်စနစ်ကိုတပ်ဆင်အသုံးပြုထားသည်။

 

အမေရိကန်တပ်မတော်သည် ၂၀၂၀ ခုနှစ်တွင် Shadow စီးရီး၏ခေတ်အမီဆုံးဖြစ်သော RQ–7B Shadow Block III system အား အောင်မြင်စွာစမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်သည်။ အဆိုပါဒရုန်းအားစမ်းသပ်ရာတွင် တကယ့်စစ်မြေပြင်အခြေအနေမျိုးတွင် စမ်းသပ်မောင်းနှင်ခဲ့ရာ စစ်ဆင်ရေးပေါင်း ၉၄ ခုအတွင်း ပျံသန်းချိန်နာရီ ၄၀၀ ကြာမြင့်အောင် စမ်းသပ်ပျံသန်းခဲ့ကြောင်းသိရသည်။

 

Ref: US Army Looks to Replace ‘Shadow’ Drone

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 

Ref: US Army Looks to Replace ‘Shadow’ Drone

 

#PeopleMedia


Share this post