Silence Strike Day ၌ ပါဝင်ရန် လှုံ့ဆော်ကြသည့် ဆိုင်ပိုင်ရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံနေရသလို ၎င်းတို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခြင်း ခံနေရ

PUBLISHED - January 27, 2022
မန္တလေး၊ ဇန်နဝါရီ ၂၇ (People Media)
တိုင်းဒေသကြီး/ပြည်နယ်အချို့၌ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ပြုလုပ်မည့် Silence Strike Day ၌ ပါဝင်ရန် လှုံ့ ဆော်ကြသည့် ဆိုင်ပိုင်ရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံနေရသလို ၎င်းတို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်း ဆည်းခြင်း ခံနေရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဆိုင်ပိုင်ရှင်အချို့နှင့် လုပ်ငန်းရှင်အချို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ပြုလုပ်မည့် Silence Strike Day ၌ ပါဝင်ရန် လူမှုကွန်ရက်၌ ရေးသားပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသလို ၎င်းတို့၏ နေအိမ် အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံနေရခြင်း ဖြစ်သည်။
လူပုဂ္ဂိုလ်အချို့သည် ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာအပါအဝင် လူမှုကွန်ရက်ဂရုများ၌ “စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူများအားလုံး Silence Strike ပါဝင်ရန်” လို့ ရေးသားခဲ့ခြင်းကြောင့် ဖမ်းဆီးခံနေရသလို နေအိမ်များနှင့် လုပ်ငန်းများကို သက်ဆိုင်ရာက ချိပ်ပိတ်သိမ်းဆည်းသွားသည်။
အလားတူ လုပ်ငန်းရှင်းအချို့က ဖေဖော်ဝါရီ ၁ ရက်နေ့၌ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ပိတ်မည်ဖြစ်ကြောင်း၊ ပူးပေါင်းပါဝင်ကြရန်လိုကြောင်း လူမှုကွန်ရက်၌ ရေးသားမှုကြောင့် ဖမ်းဆီးခံနေရသလို ပိုင်ဆိုင်မှုများကို ချိပ် ပိတ်မှု ပြုလုပ်ခြင်းခံနေရသည်။
ဇန်နဝါရီ ၂၅ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် Silence Strike ပြုလုပ်ရန် လှုံ့ဆော်သူများ ပါဝင်သူများကို အရေးယူရန် ပြောဆိုထားသည်။
Photo – Credit
#PeopleMedia #SilenceStrike
(unicode)
…………………………………………………………
မန်တလေး၊ ဇနျနဝါရီ ၂၇ (People Media)
Photo – Credit
#PeopleMedia #SilenceStrike