• Follow Us on

Home Slient Day ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည့် ဆိုင်ပိုင်ရှင်အချို့ စစ်ဆေးခြင်းခံနေရ

Slient Day ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည့် ဆိုင်ပိုင်ရှင်အချို့ စစ်ဆေးခြင်းခံနေရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၅ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆိုင်အချို့၌ Slient Day ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကို ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည့် ဆိုင်ပိုင်ရှင်အချို့သည် စစ်ဆေးခြင်းခံနေရသည်။

 

NUG မှ လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကို Slient Day အဖြစ် သတ်မှတ်ခြင်းကြောင့် ပြည်သူများ ပါဝင်ကြရန် လူမှုကွန်ရက်၌ လှုံ့ဆော်မှု ပြုလုပ်ထားသည်။

 

ထိုကဲ့သို့ NUG မှ လှုံ့ဆော်မှုပြုပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကို ဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်၌ ရေးသား ခဲ့သည့် ဆိုင်ပိုင်ရှင်အချို့ကို တာဝန်ရှိသူများက စစ်ဆေးနေခြင်းဖြစ်သည်။

 

လက်ရှိအချိန်၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆိုင်ပိုင်ရှင်များသည် ၎င်းတို့၏ လူမှုကွန်ရက်၌ “၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ပစ္စည်းပို့ဆောင်ခြင်း၊ ရောင်းချခြင်းများ လုံးဝမပြုလုပ်ဘဲ ဖေဖော်ဝါရီ ၁ ရက်နေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့ကြသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီရယူခဲ့သည့် နေ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ရယူခဲ့သည့် တစ်နှစ် ပြည့်မြောက်သောနေ့ဖြစ်သည်။

 

#PeopleMedia #SlientDay

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #SlientDay


Share this post