• Follow Us on

Home SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး တာဝန်မှအနားယူပြီးဖြစ်သော်လည်း ဥက္ကဋ္ဌသစ်ကို ရွေးချယ်ရန်မရှိသေးကြောင်း SNLD တွဲဖက်အတွင်းရေးမှူး(၁) ပြော

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး တာဝန်မှအနားယူပြီးဖြစ်သော်လည်း ဥက္ကဋ္ဌသစ်ကို ရွေးချယ်ရန်မရှိသေးကြောင်း SNLD တွဲဖက်အတွင်းရေးမှူး(၁) ပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး တာဝန်မှအနားယူသွားပြီ ဖြစ်သော် လည်း ဥက္ကဋ္ဌအသစ်နေရာအတွက် လက်တလော ရွေးချယ်ရန်မရှိသေးကြောင်း SNLD ပါတီ တွဲဖက်အတွင်း ရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က People Media သို့ ပြောသည်။
“ဥက္ကဋ္ဌကြီးက ရွေးကောက်ပွဲပြီးတဲ့အထိ သူလုပ်ပေးမယ်ဆိုတဲ့ ပြောထားကြတာ ရှိတယ်လေ။ သူနားသွားတဲ့ သဘောပါ။ လောလောဆယ်တော့ ဥက္ကဋ္ဌအသစ် ရွေးချယ်တာတွေတော့ စဉ်းစားချက်မရှိသေးပါဘူး” ဟု ၎င်းကပြောသည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် တာဝန်မှအနားယူမည်ဟု ပြောဆိုခြင်းများပြီဖြစ်သော်လည်း မိမိတို့အနေနှင့် သူ့ကို မနားစေချင်၍ တောက်လျောက် တောင်းပန်ကာ တာဝန်ဆက်လက်လုပ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဦးစိုင်း ကျော်ညွန့်က ဆိုသည်။
“ကျွန်တော်တို့ သဘောတူထားရတာလည်း ရှိတော့လေ။ အခုရွေးကောက်ပွဲပြီးပြီဆိုတော့လည်း သူနား မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ CEC ကလည်း လက်ခံမှာပါ” ဟု ၎င်းက ပြောသည်။
ဦးခွန်ထွန်းဦးသည် SNLD ပါတီဥက္ကဋ္ဌ တာဝန်ကို နှစ်ပေါင်း(၃၀)ကျော် ထမ်းဆောင်ခဲ့သူဖြစ်သလို တိုင်းရင်း သားလူမျိုးများ မဟာမိတ် (UNA)နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၏ နာယကတစ်ဦးလည်းဖြစ်သည်။
လက်ရှိ SNLD ပါတီတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခွန်ထွန်းဦးက တာဝန်ယူဆောင်ရွက်နေပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ (၃၁)ဦးရှိကြောင်း သိရသည်။
#PeopleMedia
(unicode)
…………………………………………………………………….
“ဥက်ကဋ်ဌကွီးက ရှေးကောကျပှဲပွီးတဲ့အထိ သူလုပျပေးမယျဆိုတဲ့ ပွောထားကွတာ ရှိတယျလေ။ သူနားသှားတဲ့ သဘောပါ။ လောလောဆယျတော့ ဥက်ကဋ်ဌအသဈ ရှေးခယြျတာတှတေော့ စဉျးစားခကြျမရှိသေးပါဘူး” ဟု ၎င်းငျးကပွောသညျ။
#PeopleMedia


Share this post