• Follow Us on

Home SP မုန႔္တိုက္ပိုင္ရွင္ႏွင့္ အမ်ိဳးသမီးတစ္ဦးကို တိုင္းရင္းသားလက္နက္ကိုင္မ်ား ဖမ္းဆီးၿပီးေနာက္ မိုးကုတ္ၿမိဳ႕တြင္ လုံၿခဳံေရးတင္းၾကပ္

SP မုန႔္တိုက္ပိုင္ရွင္ႏွင့္ အမ်ိဳးသမီးတစ္ဦးကို တိုင္းရင္းသားလက္နက္ကိုင္မ်ား ဖမ္းဆီးၿပီးေနာက္ မိုးကုတ္ၿမိဳ႕တြင္ လုံၿခဳံေရးတင္းၾကပ္

Share this post

မႏၲေလး၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း SP မုန႔္တိုက္ပိုင္ရွင္ႏွင့္ အမ်ိဳးသမီးတစ္ဦးကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ ဖမ္းဆီးေခၚေဆာင္မႈျဖစ္ပြားၿပီးေနာက္ ၿမိဳ႕အတြင္း ေနရာ မ်ား၍ လုံၿခဳံတင္းၾကပ္လိုက္သည္။
 
မိုးကုတ္ၿမိဳ႕နယ္ ျပည္သူမ်ား စိုးရိမ္ထိတ္လန႔္မႈမရွိေစေရးႏွင့္ စိတ္ေအးခ်မ္းသာယာစြာ ေနထိုင္နိုင္ေရးအတြက္ ဒီဇင္ဘာလ (၁၁) ရက္ေန႔မွစ၍ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ ေန႔ညလွည့္ကင္း ေဆာင္ရြက္ျခင္းမ်ားအျပင္ ပိတ္ဆို႔ရွာေဖြစစ္ေဆးျခင္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ထုတ္ျပန္ထား သည္။
 
မိုးကုတ္ၿမိဳ႕နယ္ရွိ ေနရာ(၄)ခုတြင္ ပိတ္ဆို႔ရွာေဖြမႈမ်ားအျပင္ ၿမိဳ႕တြင္းလွည့္ကင္းမ်ားကိုလည္း အဖြဲ႕(၆)ဖြဲ႕ခြဲ၍ ေန႔ေရာ ညပါ ကင္းလွည့္ေဆာင္ရြက္ေနလ်က္ရွိသည္။
 
မိုးကုတ္ၿမိဳ႕နယ္အတြင္း တရားဥပေဒစိုးမိုးေရးမ်ား ေဆာင္ရြက္ရာတြင္ တပ္မေတာ္မွ တာဝန္ရွိသူမ်ား၊ ျပင္ဦး လြင္ခရိုင္ရဲတပ္ဖြဲ႕မွဴး၊ မိုးကုတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဦးစီးရဲတပ္ဖြဲ႕မ်ား၊ အမွတ္(၁၄) လုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲ တပ္ရင္း မွဴး ဦးစီးရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိုးကုတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးစီးတာဝန္ရွိသူမ်ား ပါဝင္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
 
မိုးကုတ္ၿမိဳ႕နယ္သည္ TNLA အဖြဲ႕က လႈပ္႐ုားနယ္ေျမရရွိရန္ စစ္ေရးလႈပ္ရွားမႈ ေဆာင္ရြက္ေနသလို ေဒသခံမ်ားထား ဆက္ေၾကးေကာက္ယူမႈမ်ား ျပဳလုပ္လ်က္ရွိသည္။
 
#PeopleMedia #မိုးကုတ္ၿမိဳ႕
 
(unicode)
SP မုန့်တိုက်ပိုင်ရှင်နှင့် အမျိုးသမီးတစ်ဦးကို တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းဆီးပြီးနောက် မိုးကုတ်မြို့တွင် လုံခြုံရေးတင်းကြပ်
……………………………………………
 
မန္တလေး၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း SP မုန့်တိုက်ပိုင်ရှင်နှင့် အမျိုးသမီးတစ်ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားပြီးနောက် မြို့အတွင်း နေရာ များ၍ လုံခြုံတင်းကြပ်လိုက်သည်။
 
မိုးကုတ်မြို့နယ် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် ဒီဇင်ဘာလ (၁၁) ရက်နေ့မှစ၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ နေ့ညလှည့်ကင်း ဆောင်ရွက်ခြင်းများအပြင် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ထုတ်ပြန်ထား သည်။
 
မိုးကုတ်မြို့နယ်ရှိ နေရာ(၄)ခုတွင် ပိတ်ဆို့ရှာဖွေမှုများအပြင် မြို့တွင်းလှည့်ကင်းများကိုလည်း အဖွဲ့(၆)ဖွဲ့ခွဲ၍ နေ့ရော ညပါ ကင်းလှည့်ဆောင်ရွက်နေလျက်ရှိသည်။
 
မိုးကုတ်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးများ ဆောင်ရွက်ရာတွင် တပ်မတော်မှ တာဝန်ရှိသူများ၊ ပြင်ဦး လွင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးရဲတပ်ဖွဲ့များ၊ အမှတ်(၁၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရင်း မှူး ဦးစီးရဲတပ်ဖွဲ့ဝင်များနှင့် မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးစီးတာဝန်ရှိသူများ ပါဝင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 
မိုးကုတ်မြို့နယ်သည် TNLA အဖွဲ့က လှုပ်ရုားနယ်မြေရရှိရန် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေသလို ဒေသခံများထား ဆက်ကြေးကောက်ယူမှုများ ပြုလုပ်လျက်ရှိသည်။
 
#PeopleMedia #မိုးကုတ်မြို့

Share this post