• Follow Us on

Home SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို ဖမ္းဆီးထားေၾကာင္း TNLA အတည္ျပဳ

SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို ဖမ္းဆီးထားေၾကာင္း TNLA အတည္ျပဳ

Share this post

မိုကုတ္၊ ဒီဇင္ဘာ ၅ (People Media)

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္ရွိ နာမည္ႀကီးစီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို ဖမ္းဆီးထားေၾကာင္း တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္(TNLA)မွ အတည္ ျပဳေျပာသည္။

“ဖမ္းဆီးခဲ့တာကေတာ့ ဟုတ္ပါတယ္၊ အခြန္မေပးလို႔လား ဆိုတာေတာ့ မသိဘူး” ဟု TNLA မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

လက္တေလာတြင္ မည္သည့္အေၾကာင္းေၾကာင့္ Sp မုန႔္တိုက္ပိုင္ရွင္ကို ဖမ္းဆီးေခၚေဆာင္ခဲ့သည္ကို မရွိေသး ေသာ္လည္း သက္ဆိုင္ရာဌာနအလိုက္ စိစစ္ေနေၾကာင္း ယခင္အခြန္ကိစၥျဖင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ဖမ္းဆီးထိန္းသိမ္းျခင္းမရွိခဲ့ေၾကာင္း TNLA အဖြဲ႕ကဆိုသည္။

TNLA မွ ထိန္းသိမ္းထားသူတိုင္းသည္ အသက္အႏၲရာယ္မရွိနိုင္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ရန္သူစစ္သုံပန္းမ်ား ဖမ္းဆီထားရင္ေတာင္မွ သတ္မွတ္ခ်က္အတိုင္း ေမးျမန္းစရာ ေမးျမန္းၿပီး ျပန္လႊတ္ေပးေၾကာင္း အထက္ပါ တာဝန္ရွိသူဆိုသည္။

TNLA နယ္နိမိတ္အတြင္း လာေရာက္လုပ္ကိုင္သည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကို အခြန္ေကာက္ခံရာမွာလည္း တစ္ႏွစ္ကို အခြန္ ၂ ရာခိုင္ႏႈန္းႏွင့္ ၃ ရာခိုင္ႏႈန္းသာ ေကာက္ခံေနေၾကာင္း TNLA တာဝန္ရွိသူက ေျပာသည္။

SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို အရပ္ဝတ္ဝတ္ဆင္ထားသည့္ TNLA အဖြဲ႕ေတြက ဒီဇင္ဘာ ၄ ရက္ေန႔ မနက္ ၈ နာရီခြဲအခ်ိန္တြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

Photo – Credit

#PeopleMedia #TNLA #မိုးကုတ္ #SP #ဆက္ေၾကး

(unicode)
SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဖမ်းဆီးထားကြောင်း TNLA အတည်ပြု
………………………………………….

မိုကုတ်၊ ဒီဇင်ဘာ ၅ (People Media)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဖမ်းဆီးထားကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)မှ အတည် ပြုပြောသည်။

“ဖမ်းဆီးခဲ့တာကတော့ ဟုတ်ပါတယ်၊ အခွန်မပေးလို့လား ဆိုတာတော့ မသိဘူး” ဟု TNLA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်တလောတွင် မည်သည့်အကြောင်းကြောင့် Sp မုန့်တိုက်ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ကို မရှိသေး သော်လည်း သက်ဆိုင်ရာဌာနအလိုက် စိစစ်နေကြောင်း ယခင်အခွန်ကိစ္စဖြင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိခဲ့ကြောင်း TNLA အဖွဲ့ကဆိုသည်။

TNLA မှ ထိန်းသိမ်းထားသူတိုင်းသည် အသက်အန္တရာယ်မရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ရန်သူစစ်သုံပန်းများ ဖမ်းဆီထားရင်တောင်မှ သတ်မှတ်ချက်အတိုင်း မေးမြန်းစရာ မေးမြန်းပြီး ပြန်လွှတ်ပေးကြောင်း အထက်ပါ တာဝန်ရှိသူဆိုသည်။

TNLA နယ်နိမိတ်အတွင်း လာရောက်လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အခွန်ကောက်ခံရာမှာလည်း တစ်နှစ်ကို အခွန် ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းသာ ကောက်ခံနေကြောင်း TNLA တာဝန်ရှိသူက ပြောသည်။

SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို အရပ်ဝတ်ဝတ်ဆင်ထားသည့် TNLA အဖွဲ့တွေက ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Photo – Credit

#PeopleMedia #TNLA #မိုးကုတ် #SP #ဆက်ကြေး


Share this post