• Follow Us on

Home Stay at Home သတ္မွတ္ထားသည့္ ရန္ကုန္ၿမိဳ႕၌ NLD ပါတီ၊ ျပည္ခုိင္ၿဖိဳးပါတီတုိ႔က အင္အားျပ လွည့္လည္၍ မဲဆြယ္မႈကုိ လက္မခံေၾကာင္း မုံရြာေအာင္ရွင္ ေျပာဆုိ

Stay at Home သတ္မွတ္ထားသည့္ ရန္ကုန္ၿမိဳ႕၌ NLD ပါတီ၊ ျပည္ခုိင္ၿဖိဳးပါတီတုိ႔က အင္အားျပ လွည့္လည္၍ မဲဆြယ္မႈကုိ လက္မခံေၾကာင္း မုံရြာေအာင္ရွင္ ေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၉
 
Stay at Home သတ္မွတ္ထားသည့္ ရန္ကုန္ၿမိဳ႕အတြင္း၌ NLD ပါတီေထာက္ခံသူမ်ားသည္ ဆုိက္ကားမ်ားျဖင့္ ရန္ကုန္ၿမိဳ႕အတြင္း၌ လွည့္လည္မဲဆြယ္မႈ ျပဳလုပ္လ်က္ရွိသည္။
 
ထုိကဲ့သုိ႔ ေဆာင္ရြက္ခ်က္မ်ားအေပၚ အာဏာပုိင္အဖြဲ႕မ်ားက တည္ဆဲဥပေဒႏွင့္အညီ အေရးယူမႈမရွိသည့္ ျဖစ္စဥ္အေပၚ ႏုိင္ငံေရးပါတီမ်ားက ေဝဖန္လ်က္ရွိသည္။
 
အဆုိပါ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ People Media က ဆရာမုံရြာဦးေအာင္ရွင္(NLD ပါတီ ဗဟုိျပန္ၾကားေရး ေကာ္မတီ)ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။
 
ေမး – Stay at Home သတ္မွတ္ထားသည့္ၿမိဳ႕နယ္မ်ားတြင္ NLD ပါတီ၀န္းရံသူေတြက ဆိုက္ကားမ်ားနဲ႔ လွည့္လည္အင္အားျပမဲဆြယ္ေနတဲ့ျဖစ္စဥ္က တည္ဆဲဥပေဒေတြကုိ ခ်ိဳးေဖာက္ရာေရာက္လား။ ဆရာ့ အေနနဲ႔ဘယ္လိုျမင္ပါသလဲ။
 
ေျဖ – ဒီကိစၥကို မႀကိဳက္ဘူး။ အဲဒီဟာကို လက္မခံဘူး။ NLD ပါတီမွမဟုတ္ပါဘူး။ တျခားပါတီေတြလည္း ဒီလိုပါ ပဲ။ NLD လည္း ဒီလိုပဲ။ ႀကံ႕ခိုင္ဖြံ႕ၿဖိဳးေရးလည္း ဒီလိုပဲ။ ဒီကိစၥမွာ နံပါတ္တစ္က တည္ဆဲဥပေဒဆိုတဲ့ေနရာမွာ UEC ေပါ့ေနာ္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဥပေဒစည္းမ်ဥ္း၊ ေနာက္တစ္ခုကေတာ့ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြ အဲဒီဟာကို အတိအက်လိုက္နာရမယ္။ အဲဒီအတိအက်မလိုက္နာတဲ့ဟာေတြကိုေတာ့ လက္ မခံဘူး။ အခုဟာက ျဖစ္ေနတာက NLD ၀န္းရံတဲ့လူေတြကလည္း သူ႔ဟာသူ ဆႏၵေတြေဖာ္ထုတ္ေနတာ၊ ၀န္းရံ ေနၿပီး လွည့္လည္ေနတာပဲ။ တျခားပါတီေတြလည္း ဒီလိုပဲ လွည့္လည္ေနတာပဲ။ တကယ္တမ္းကေတာ့ ကိုယ့္ပါ တီကို ကိုယ္နိုင္ေအာင္ေျပာၾကရမွာေလ။ အခုဟာက အဲဒီအထိေတာင္ မျဖစ္လာဘူး။ ေျပာေတာ့ ေျပာတာပဲ ေမတၱာရပ္ခံၾကရတာပဲ။ ေမတၱာရပ္ခံတဲ့ ၾကားထဲကေနၿပီးေတာ့ ဒီလိုျဖစ္ေနတာကေတာ့ မတတ္နိုင္ေတာ့ဘူး။
 
ေမး – ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆရာ့အေနနဲ႔ ဘာမ်ားျဖည့္စြက္ေျပာၾကားခ်င္ပါေသးလဲ။
 
ေျဖ – ကြၽန္ေတာ့္အေနနဲ႔ေတာ့ အဲဒါမ်ိဳးကို လက္မခံပါဘူး။ တည္ဆဲဥပေဒေတြကို၊ ၫႊန္ၾကားခ်က္ေတြကို မလိုက္ နာဘဲနဲ႕ ဒီလိုလုပ္ေနတာမ်ိဳးကိုေတာ့ လက္မခံဘူး။ အခုလုိ ေျဖၾကားေပးတဲ့ ဆရာမုံရြာဦးေအာင္ရွင္ကုိ PeopleMedia က ေက်းဇူးတင္ပါတယ္။
 
#PeopleMedia #ဆရာမုံရြာဦးေအာင္ရွင္ #NLD #2020election
 
(unicode)
Stay at Home သတ်မှတ်ထားသည့် ရန်ကုန်မြို့၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့က အင်အားပြ လှည့်လည်၍ မဲဆွယ်မှုကို လက်မခံကြောင်း မုံရွာအောင်ရှင် ပြောဆို
…………………………………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ ၁၉
 
Stay at Home သတ်မှတ်ထားသည့် ရန်ကုန်မြို့အတွင်း၌ NLD ပါတီထောက်ခံသူများသည် ဆိုက်ကားများဖြင့် ရန်ကုန်မြို့အတွင်း၌ လှည့်လည်မဲဆွယ်မှု ပြုလုပ်လျက်ရှိသည်။
 
ထိုကဲ့သို့ ဆောင်ရွက်ချက်များအပေါ် အာဏာပိုင်အဖွဲ့များက တည်ဆဲဥပဒေနှင့်အညီ အရေးယူမှုမရှိသည့် ဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီများက ဝေဖန်လျက်ရှိသည်။
 
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ People Media က ဆရာမုံရွာဦးအောင်ရှင်(NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ)ထံ ဆက်သွယ်မေးမြန်းခဲ့သည်။
 
မေး – Stay at Home သတ်မှတ်ထားသည့်မြို့နယ်များတွင် NLD ပါတီဝန်းရံသူတွေက ဆိုက်ကားများနဲ့ လှည့်လည်အင်အားပြမဲဆွယ်နေတဲ့ဖြစ်စဉ်က တည်ဆဲဥပဒေတွေကို ချိုးဖောက်ရာရောက်လား။ ဆရာ့ အနေနဲ့ဘယ်လိုမြင်ပါသလဲ။
 
ဖြေ – ဒီကိစ္စကို မကြိုက်ဘူး။ အဲဒီဟာကို လက်မခံဘူး။ NLD ပါတီမှမဟုတ်ပါဘူး။ တခြားပါတီတွေလည်း ဒီလိုပါ ပဲ။ NLD လည်း ဒီလိုပဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးလည်း ဒီလိုပဲ။ ဒီကိစ္စမှာ နံပါတ်တစ်က တည်ဆဲဥပဒေဆိုတဲ့နေရာမှာ UEC ပေါ့နော်၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေစည်းမျဉ်း၊ နောက်တစ်ခုကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေ အဲဒီဟာကို အတိအကျလိုက်နာရမယ်။ အဲဒီအတိအကျမလိုက်နာတဲ့ဟာတွေကိုတော့ လက် မခံဘူး။ အခုဟာက ဖြစ်နေတာက NLD ဝန်းရံတဲ့လူတွေကလည်း သူ့ဟာသူ ဆန္ဒတွေဖော်ထုတ်နေတာ၊ ဝန်းရံ နေပြီး လှည့်လည်နေတာပဲ။ တခြားပါတီတွေလည်း ဒီလိုပဲ လှည့်လည်နေတာပဲ။ တကယ်တမ်းကတော့ ကိုယ့်ပါ တီကို ကိုယ်နိုင်အောင်ပြောကြရမှာလေ။ အခုဟာက အဲဒီအထိတောင် မဖြစ်လာဘူး။ ပြောတော့ ပြောတာပဲ မေတ္တာရပ်ခံကြရတာပဲ။ မေတ္တာရပ်ခံတဲ့ ကြားထဲကနေပြီးတော့ ဒီလိုဖြစ်နေတာကတော့ မတတ်နိုင်တော့ဘူး။
 
မေး – ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသေးလဲ။
 
ဖြေ – ကျွန်တော့်အနေနဲ့တော့ အဲဒါမျိုးကို လက်မခံပါဘူး။ တည်ဆဲဥပဒေတွေကို၊ ညွှန်ကြားချက်တွေကို မလိုက် နာဘဲနဲ့ ဒီလိုလုပ်နေတာမျိုးကိုတော့ လက်မခံဘူး။ အခုလို ဖြေကြားပေးတဲ့ ဆရာမုံရွာဦးအောင်ရှင်ကို PeopleMedia က ကျေးဇူးတင်ပါတယ်။
 
#PeopleMedia #ဆရာမုံရွာဦးအောင်ရှင် #NLD #2020election

Share this post