• Follow Us on

Home Stay At Home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစားအိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ ေငြေလးေသာင္းက်ပ္ ယေန႔စတင္ေထာက္ပံ့မည္ 

Stay At Home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစားအိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ ေငြေလးေသာင္းက်ပ္ ယေန႔စတင္ေထာက္ပံ့မည္ 

Share this post

ရန္ကုန္၊ ႏိုဝင္ဘာ – ၁၁

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ Stay At Home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစား အိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ေငြေလးေသာင္းကုိ ႏုိင္ငံေတာ္အစုိးရက ယေန႔စတင္ ေထာက္ပံ့မည္ ျဖစ္သည္။

ထုိသုိ႔ေထာက္ပံ့ရာ၌ Stay At Home သတ္မွတ္ထားသည့္ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစားအိမ္ေထာင္စု တစ္စုလွ်င္ က်ပ္ေငြေလးေသာင္း၊ Stay At Home သတ္မွတ္ထားျခင္းမရွိသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံ လူတန္းစား အိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ေငြႏွစ္ေသာင္းကုိ ႏုိင္ငံေတာ္က ႏုိဝင္ဘာ(၁၁)ရက္မွ စတင္၍ ေထာက္ပံံ့သြားမည္ျဖစ္သည္။

ထုိ႔သုိ ေငြေၾကးေထာက္ပံ့ရာ၌ စနစ္တက်ရွိေစေရးအတြက္ သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ ပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္သည္။

“ဟုတ္ပါတယ္ဗ် ဒီေန႔ပဲ စၿပီးေတာ့ ေထာက္ပံ့မွာပါ တစ္အိမ္ေထာင္စုကို က်ပ္ေလးေသာင္းႏႈန္းနဲ႔ ေထာက္ပံ့ သြားမွာပါ” ဟု ရန္ကုန္တိုင္းေဒသႀကီး ဆိမ္ႀကီးခေနာင္တိုၿမိဳ႕နယ္ အမွတ္ (၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းေဆြက ေျပာသည္။

အဆုိပါ ေထာက္ပံ့ေငြမ်ားကုိ ႏုိဝင္ဘာ(၁၁)ရက္၊ ေန႔လည္(၂)နာရီမွ စတင္၍ ႏုိဝင္ဘာ (၁၃)ရက္ေန႔အထိ ေထာက္ပံ့သြားမည္ျဖစ္သည္။

#PeopleMedia #COVID19 #ေထာက္ပံ့ေငြ

(unicode)
Stay At Home သတ်မှတ်ထားသည့် မြို့နယ်များရှိ အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ကျပ် ငွေလေးသောင်းကျပ် ယနေ့စတင်ထောက်ပံ့မည် …………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay At Home သတ်မှတ်ထားသည့် မြို့နယ်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေလေးသောင်းကို နိုင်ငံတော်အစိုးရက ယနေ့စတင် ထောက်ပံ့မည် ဖြစ်သည်။

ထိုသို့ထောက်ပံ့ရာ၌ Stay At Home သတ်မှတ်ထားသည့်မြို့နယ်များရှိ အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေလေးသောင်း၊ Stay At Home သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များရှိ အခြေခံ လူတန်းစား အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေနှစ်သောင်းကို နိုင်ငံတော်က နိုဝင်ဘာ(၁၁)ရက်မှ စတင်၍ ထောက်ပံံ့သွားမည်ဖြစ်သည်။

ထို့သို ငွေကြေးထောက်ပံ့ရာ၌ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

“ဟုတ်ပါတယ်ဗျ ဒီနေ့ပဲ စပြီးတော့ ထောက်ပံ့မှာပါ တစ်အိမ်ထောင်စုကို ကျပ်လေးသောင်းနှုန်းနဲ့ ထောက်ပံ့ သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ဆိမ်ကြီးခနောင်တိုမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ပြောသည်။

အဆိုပါ ထောက်ပံ့ငွေများကို နိုဝင်ဘာ(၁၁)ရက်၊ နေ့လည်(၂)နာရီမှ စတင်၍ နိုဝင်ဘာ (၁၃)ရက်နေ့အထိ ထောက်ပံ့သွားမည်ဖြစ်သည်။

#PeopleMedia #COVID19 #ထောက်ပံ့ငွေ


Share this post