• Follow Us on

Home Stay at Home သတ္မွတ္ထားသည့္ ၿမိဳ႕၌ NLD ပါတီက မဲဆြယ္မႈျပဳလုပ္မႈသည္ NLD တည္ဆဲဥပေဒကုိ ခ်ဳိးေဖာက္ေနၿပီး ဥပေဒအထက္ ေရာက္ရွိေနေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒု-ဥကၠ႒ ဦးေက်ာ္ေဇယ် ေဝဖန္

Stay at Home သတ္မွတ္ထားသည့္ ၿမိဳ႕၌ NLD ပါတီက မဲဆြယ္မႈျပဳလုပ္မႈသည္ NLD တည္ဆဲဥပေဒကုိ ခ်ဳိးေဖာက္ေနၿပီး ဥပေဒအထက္ ေရာက္ရွိေနေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒု-ဥကၠ႒ ဦးေက်ာ္ေဇယ် ေဝဖန္

Share this post

Stay at Home သတ္မွတ္ထားသည့္ ရန္ကုန္ၿမိဳ႕အတြင္း၌ NLD ပါတီေထာက္ခံသူမ်ားသည္ ဆုိက္ကားမ်ားျဖင့္ ရန္ကုန္ၿမိဳ႕အတြင္း၌ လွည့္လည္မဲဆြယ္မႈျပဳလုပ္လ်က္ရွိသည္။

ထုိကဲ့သုိ႔ ေဆာင္ရြက္ခ်က္မ်ားအေပၚ အာဏာပုိင္အဖြဲ႕မ်ားက တည္ဆဲဥပေဒႏွင့္အညီ အေရးယူမႈမရွိသည့္ ျဖစ္စဥ္အေပၚ ႏုိင္ငံေရးပါတီမ်ားက ေဝဖန္လ်က္ရွိသည္။

အဆုိပါ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ People Media က ျပည္သူ႔ေရွ႕ေဆာင္ပါတီဒုဥကၠ႒ ဦးေက်ာ္ေဇာယ်ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။

ေမး – Stay at Home သတ္မွတ္ထားတဲ့ၿမိဳ႕နယ္ေတြမွာ NLD ပါတီ၀န္းရံသူေတြက လူစုလူေဝးနဲ႔ ဆိုက္ကားမ်ား စီတန္းလွည့္လည္ေနတဲ့အေပၚ ဆရာ့အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။ ဘာမ်ားေျပာခ်င္ပါသလဲ။

ေျဖ – အဲဒါက က်န္းမာေရး၀န္ႀကီးဌာနက လူဦးေရ ၅၀ မေက်ာ္ရေလ။ ၅၀ မေက်ာ္ရဆိုတာက ဟိုအရင္ကဟာ။ ေနာက္ပိုင္း အမိန႔္ထုတ္တာက မဲစည္း႐ုံးမႈမလုပ္ရ။ မဲဆြယ္မႈေတြရပ္နားထားရမယ္လို႔ ထုတ္ျပန္ထားတယ္ေလ။ ခုဟာက လူ ၅၀ ထက္လည္းေက်ာ္ေသးတယ္။ ဆိုက္ကားေတြနဲ႔ စီတန္းလွည့္လည္တာ ဒါမဲဆြယ္တာပဲေလ။ မဲဆြယ္သီခ်င္းေတြဖြင့္တယ္ေလ။ ေအး အဲ့လိုဆို ဦးေက်ာ္ေဇယ်ကေရာ အဲ့လိုမဆင္းဘူးလားဆိုေတာ့၊ မွန္တယ္။ ကြၽန္ေတာ္တို႔က COVID 19 ကာကြယ္တဲ့ သီခ်င္းေလးဖြင့္တယ္။ ေဆးျဖန္းတယ္။ ေလာ့ေဒါင္းခ်တဲ့ ဧရိယာေတြကို စားေသာက္စရာေလးေတြေပးတယ္။ အဲဒီလူ ၅၀ မရွိဘူး။ အလြန္ဆုံးရွိမွ ဆယ့္ေလးငါးေယာက္ ေပါ့။ ခုဟာက မဂၤလာေတာင္ၫြန႔္မွာထင္တယ္။ ဆိုက္ကားေတြနဲ႔ လွည့္တယ္။ အလံေတြလႊင့္တယ္။ ပန္းဖလက္ ေတြေဝတယ္။ သီခ်င္းဖြင့္ေတာ့လည္း မဲဆြယ္စည္း႐ုံးေရး ပါတီသီခ်င္းကိုဖြင့္တယ္ဆိုတာႀကီးက ဒါက ဥပေဒခ်ိဳး ေဖာက္ေနၿပီ။ ဒါကိုဘယ္လိုျမင္လည္းဆိုရင္ ဥပေဒအထက္မွာေရာက္ေနတာေပါ့။ ဒါကိုသက္ဆိုင္ရာၿမိဳ႕နယ္က COVID ေကာ္မတီက အေရးယူသင့္တာေပါ့။ တားျမစ္သင့္တာေပါ့။ ဥပေဒအတိုင္းပဲ ေဆာင္႐ြက္သင့္တယ္လို႔ ျမင္ပါတယ္။

ေမး – အခုလို လူစုလူေဝးျဖင့္ စီတန္းလွည့္လည္ေနမႈကို အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာမွ တစ္စုံတစ္ရာအေရးယူမႈမရွိ တဲ့အေပၚမွာ ဆရာ့အေနနဲ႔ ဘာေျပာခ်င္ပါသလဲ။

ေျဖ – တာ၀န္ယူ၊ တာ၀န္ခံဆိုတာ အဲဒါပဲ။ အုပ္ခ်ဳပ္ေရးသမားေတြကလည္း အေရးယူရမယ္။ ဒါျပည္သူကလည္း သိ ေနတယ္၊ ေတြ႕ေနတယ္။ ဘာမွျငင္းဖြယ္ရာမရွိဘူး။ လုပ္သင့္လုပ္ထိုက္တာကို လုပ္ရမွာပဲ။ ဒါေစာင့္ၾကည့္ ရမွာပဲ။ ဒါ သက္ဆိုင္ရာက တာ၀န္ရွိတဲ့အဖြဲ႕က ဘာေတြဆက္လုပ္မလဲဆိုတာကို အျခားပါတီေတြကေရာ မွတ္တမ္းယူၿပီး ေစာင့္ၾကည့္ေနရမွာပဲ။

ေမး – ဆရာ့အေနနဲ႔ ဘာမ်ားျဖည့္စြက္ေျပာၾကားလိုပါေသးလဲ။

ေျဖ – အဓိကက ရန္ကုန္တိုင္းေပါ့။ ရန္ကုန္တိုင္းမွာလုပ္ေနတဲ့ အေနအထားႀကီးက ေရာဂါအေျခအေနက ရလဒ္ ထြက္လာရင္ စိတ္မခ်မ္းဖြယ္ရာပဲ။ မေန႔ကဆို ၄၂ ဦးေသတယ္။ တစ္ေထာင္ေက်ာ္ေတြႀကီးပဲ ေရာဂါကူးစက္ေန တာျဖစ္တယ္။ ဒါကို အေရးႀကီးတယ္။ ကူးစက္မႈလည္းနည္းတယ္၊ ေသဆုံးမႈလည္းနည္းတယ္ဆိုရင္ တစ္မ်ိဳး ေပါ့။ ဟိုကလည္းေျဖေလွ်ာ့ေပးမလားလို႔ ေမွ်ာ္လင့္ေနတာေပါ့ေလ။ ကြၽန္ေတာ္တို႔လည္း လုပ္ခ်င္တာေပါ့။ ဒီေရာဂါအေျခအေနက ဆိုးေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးေတြလုပ္တာကေတာ့ မေကာင္းပါဘူး။ ဥပေဒလမ္းေၾကာင္း အရလည္း ထုတ္ျပန္ထားတဲ့အတိုင္းပဲ လိုက္နာသင့္တယ္။ လုပ္သင့္တယ္။ ဒီေ႐ြးေကာက္ပြဲဟာ ဒုတိယဦးစား ေပးပဲ ကြၽန္ေတာ္တို႔အေနနဲ႕ကေတာ့။ လူထုဘ၀အဓိကဆိုေတာ့ လူထုရဲ႕ က်န္းမာေရးကိုပဲ လူသားရင္းျမစ္ေတြ ဆုံးရႈံးမႈမရွိေအာင္ ကြၽန္ေတာ္တို႔က အဲဒါပဲအေလးထားတယ္။ အာဏာရပါတီအေနနဲ႕လည္း အဲဒီလိုပဲ အေလး ထားသင့္တယ္။ ကြၽန္ေတာ္တို႔လက္ရွိပါတီငယ္ေလးေတြထက္ အာဏာရပါတီႀကီးေတြက ပိုၿပီးေတာ့ စံျပလုပ္ သင့္တယ္လို႔ထင္တယ္။ ခုဟာက စံျပမလုပ္ဘဲနဲ႕ သူတို႔လုပ္ခ်င္တာ လုပ္ေနတာကေတာ့ မေကာင္းဘူးေပါ့။

#PeopleMedia #ျပည္သူ႔ေရွ႕ေဆာင္ပါတီ #ဦးေက်ာ္ေဇယ် #NLD

(unicode)
Stay at Home သတ်မှတ်ထားသည့် မြို့၌ NLD ပါတီက မဲဆွယ်မှုပြုလုပ်မှုသည် NLD တည်ဆဲဥပဒေကို ချိုးဖောက်နေပြီး ဥပဒေအထက် ရောက်ရှိနေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇေယျ ဝေဖန်
……………………………………………………………

Stay at Home သတ်မှတ်ထားသည့် ရန်ကုန်မြို့အတွင်း၌ NLD ပါတီထောက်ခံသူများသည် ဆိုက်ကားများဖြင့် ရန်ကုန်မြို့အတွင်း၌ လှည့်လည်မဲဆွယ်မှုပြုလုပ်လျက်ရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်ချက်များအပေါ် အာဏာပိုင်အဖွဲ့များက တည်ဆဲဥပဒေနှင့်အညီ အရေးယူမှုမရှိသည့် ဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီများက ဝေဖန်လျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ People Media က ပြည်သူ့ရှေ့ဆောင်ပါတီဒုဥက္ကဋ္ဌ ဦးကျော်ဇောယျထံ ဆက်သွယ်မေးမြန်းခဲ့သည်။

မေး – Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေမှာ NLD ပါတီဝန်းရံသူတွေက လူစုလူဝေးနဲ့ ဆိုက်ကားများ စီတန်းလှည့်လည်နေတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဘာများပြောချင်ပါသလဲ။

ဖြေ – အဲဒါက ကျန်းမာရေးဝန်ကြီးဌာနက လူဦးရေ ၅၀ မကျော်ရလေ။ ၅၀ မကျော်ရဆိုတာက ဟိုအရင်ကဟာ။ နောက်ပိုင်း အမိန့်ထုတ်တာက မဲစည်းရုံးမှုမလုပ်ရ။ မဲဆွယ်မှုတွေရပ်နားထားရမယ်လို့ ထုတ်ပြန်ထားတယ်လေ။ ခုဟာက လူ ၅၀ ထက်လည်းကျော်သေးတယ်။ ဆိုက်ကားတွေနဲ့ စီတန်းလှည့်လည်တာ ဒါမဲဆွယ်တာပဲလေ။ မဲဆွယ်သီချင်းတွေဖွင့်တယ်လေ။ အေး အဲ့လိုဆို ဦးကျော်ဇေယျကရော အဲ့လိုမဆင်းဘူးလားဆိုတော့၊ မှန်တယ်။ ကျွန်တော်တို့က COVID 19 ကာကွယ်တဲ့ သီချင်းလေးဖွင့်တယ်။ ဆေးဖြန်းတယ်။ လော့ဒေါင်းချတဲ့ ဧရိယာတွေကို စားသောက်စရာလေးတွေပေးတယ်။ အဲဒီလူ ၅၀ မရှိဘူး။ အလွန်ဆုံးရှိမှ ဆယ့်လေးငါးယောက် ပေါ့။ ခုဟာက မင်္ဂလာတောင်ညွန့်မှာထင်တယ်။ ဆိုက်ကားတွေနဲ့ လှည့်တယ်။ အလံတွေလွှင့်တယ်။ ပန်းဖလက် တွေဝေတယ်။ သီချင်းဖွင့်တော့လည်း မဲဆွယ်စည်းရုံးရေး ပါတီသီချင်းကိုဖွင့်တယ်ဆိုတာကြီးက ဒါက ဥပဒေချိုး ဖောက်နေပြီ။ ဒါကိုဘယ်လိုမြင်လည်းဆိုရင် ဥပဒေအထက်မှာရောက်နေတာပေါ့။ ဒါကိုသက်ဆိုင်ရာမြို့နယ်က COVID ကော်မတီက အရေးယူသင့်တာပေါ့။ တားမြစ်သင့်တာပေါ့။ ဥပဒေအတိုင်းပဲ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

မေး – အခုလို လူစုလူဝေးဖြင့် စီတန်းလှည့်လည်နေမှုကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ တစ်စုံတစ်ရာအရေးယူမှုမရှိ တဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ – တာဝန်ယူ၊ တာဝန်ခံဆိုတာ အဲဒါပဲ။ အုပ်ချုပ်ရေးသမားတွေကလည်း အရေးယူရမယ်။ ဒါပြည်သူကလည်း သိ နေတယ်၊ တွေ့နေတယ်။ ဘာမှငြင်းဖွယ်ရာမရှိဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ။ ဒါစောင့်ကြည့် ရမှာပဲ။ ဒါ သက်ဆိုင်ရာက တာဝန်ရှိတဲ့အဖွဲ့က ဘာတွေဆက်လုပ်မလဲဆိုတာကို အခြားပါတီတွေကရော မှတ်တမ်းယူပြီး စောင့်ကြည့်နေရမှာပဲ။

မေး – ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါသေးလဲ။

ဖြေ – အဓိကက ရန်ကုန်တိုင်းပေါ့။ ရန်ကုန်တိုင်းမှာလုပ်နေတဲ့ အနေအထားကြီးက ရောဂါအခြေအနေက ရလဒ် ထွက်လာရင် စိတ်မချမ်းဖွယ်ရာပဲ။ မနေ့ကဆို ၄၂ ဦးသေတယ်။ တစ်ထောင်ကျော်တွေကြီးပဲ ရောဂါကူးစက်နေ တာဖြစ်တယ်။ ဒါကို အရေးကြီးတယ်။ ကူးစက်မှုလည်းနည်းတယ်၊ သေဆုံးမှုလည်းနည်းတယ်ဆိုရင် တစ်မျိုး ပေါ့။ ဟိုကလည်းဖြေလျှော့ပေးမလားလို့ မျှော်လင့်နေတာပေါ့လေ။ ကျွန်တော်တို့လည်း လုပ်ချင်တာပေါ့။ ဒီရောဂါအခြေအနေက ဆိုးနေတဲ့အချိန်မှာ ဒီလိုမျိုးတွေလုပ်တာကတော့ မကောင်းပါဘူး။ ဥပဒေလမ်းကြောင်း အရလည်း ထုတ်ပြန်ထားတဲ့အတိုင်းပဲ လိုက်နာသင့်တယ်။ လုပ်သင့်တယ်။ ဒီရွေးကောက်ပွဲဟာ ဒုတိယဦးစား ပေးပဲ ကျွန်တော်တို့အနေနဲ့ကတော့။ လူထုဘဝအဓိကဆိုတော့ လူထုရဲ့ ကျန်းမာရေးကိုပဲ လူသားရင်းမြစ်တွေ ဆုံးရှုံးမှုမရှိအောင် ကျွန်တော်တို့က အဲဒါပဲအလေးထားတယ်။ အာဏာရပါတီအနေနဲ့လည်း အဲဒီလိုပဲ အလေး ထားသင့်တယ်။ ကျွန်တော်တို့လက်ရှိပါတီငယ်လေးတွေထက် အာဏာရပါတီကြီးတွေက ပိုပြီးတော့ စံပြလုပ် သင့်တယ်လို့ထင်တယ်။ ခုဟာက စံပြမလုပ်ဘဲနဲ့ သူတို့လုပ်ချင်တာ လုပ်နေတာကတော့ မကောင်းဘူးပေါ့။

#PeopleMedia #ပြည်သူ့ရှေ့ဆောင်ပါတီ #ဦးကျော်ဇေယျ #NLD


Share this post