• Follow Us on
Latest News

Home Stay At Home သတ္မွတ္ထားျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားရွိ A အဆင့္ သတ္မွတ္ျခင္းခံရေသာ လၻက္ရည္ဆိုင္ ႏွင့္ စားေသာက္ဆိုင္မ်ားကို မနက္ျဖန္မွ စတင္ကာ ဆိုင္ထိုင္စားေသာက္ခြင့္ျပဳ

Stay At Home သတ္မွတ္ထားျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားရွိ A အဆင့္ သတ္မွတ္ျခင္းခံရေသာ လၻက္ရည္ဆိုင္ ႏွင့္ စားေသာက္ဆိုင္မ်ားကို မနက္ျဖန္မွ စတင္ကာ ဆိုင္ထိုင္စားေသာက္ခြင့္ျပဳ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၃
 
ကိုဗစ္နိုင္တီးေရာဂါေၾကာင့္ ဆိုင္ထိုင္စားေသာက္ခြင့္အား ပိတ္ပင္ထားေသာ္လည္း Stay At Home သတ္ မွတ္ထားျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားတြင္ ဒီဇင္ဘာ ၄ ရက္ေန႔မွ စတင္ကာ A အဆင့္ ရရွိေသာ လၻက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ားကို ဆိုင္ထိုင္စားေသာက္ခြင့္ျပဳေၾကာင္း COVID 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳး သားအဆင့္ဗဟိုေကာ္မတီ မွ ဒီဇင္ဘာ ၂ ရက္ေန႔ ရက္စြဲျဖင့္ ညႊန္ၾကားစာတစ္ေစာင္အား ထုတ္ျပန္ခဲ့သည္။
 
အထက္ပါ ညြန္ၾကားစာတြင္ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ Stay At Home သက္မွတ္ထားျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားတြင္ ဆိုင္ထိုင္စားေသာက္ခြင့္ျပဳရန္ စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး အထက္ပါ စစ္ေဆးခ်က္မ်ား ျပဳလုပ္ခ်က္အရ A အဆင့္ သက္မွတ္ခ်က္ရရွိေသာ လၻက္ရည္ဆိုင္ႏွင့္ စား ေသာက္ဆိုင္အေရအတြက္ (၈၀၁၇) ဆိုင္ရွိေၾကာင္း အထက္ပါညြန္ၾကားစာတြင္ ပါဝင္သည္။
 
COVID 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ လၻက္ရည္ဆိုင္ႏွင့္ စား ေသာက္ဆိုင္မ်ားကို ဆိုင္ထိုင္စားေသာက္ခြင့္ျပဳသြားမည္ျဖစ္ေသာ္လည္း လိုအပ္ေသာ က်န္မာေရး စည္းကမ္းခ်က္မ်ားႏွင့္အညီ လိုက္နာျခင္းရွိမရွိကို ေရွာင္တခင္ စစ္ေဆးရန္အတြက္လဲ အထက္ပါ ညြန္ၾကားခ်က္တြင္ ေရးသားထားသည္။
 
A အဆင့္ ရရွိေသာ လၻက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ားအား က်န္းမာေရးစည္းကမ္းခ်က္မ်ားႏွင့္အညီ ဆိုင္ထိုင္စားေသာက္ခြင့္ ခြင့္ျပဳမည္ျဖစ္ေသာ္လည္း လိုက္နာျခင္းမရွိပါကလဲ ဥပေဒႏွင့္အညီ လိုအပ္သလို အေရးယူရန္ ညြန္ၾကားခ်က္တြင္ ထည့္သြင္းထုတ္ျပန္ထားသည္။
 
#PeopleMedia
 
(unicode)
Stay At Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ A အဆင့် သတ်မှတ်ခြင်းခံရသော လ္ဘက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များကို မနက်ဖြန်မှ စတင်ကာ ဆိုင်ထိုင်စားသောက်ခွင့်ပြု
…………………………………………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ ၃
 
ကိုဗစ်နိုင်တီးရောဂါကြောင့် ဆိုင်ထိုင်စားသောက်ခွင့်အား ပိတ်ပင်ထားသော်လည်း Stay At Home သတ် မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ A အဆင့် ရရှိသော လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ဆိုင်ထိုင်စားသောက်ခွင့်ပြုကြောင်း COVID 19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုး သားအဆင့်ဗဟိုကော်မတီ မှ ဒီဇင်ဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင်အား ထုတ်ပြန်ခဲ့သည်။
 
အထက်ပါ ညွန်ကြားစာတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် Stay At Home သက်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် ဆိုင်ထိုင်စားသောက်ခွင့်ပြုရန် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အထက်ပါ စစ်ဆေးချက်များ ပြုလုပ်ချက်အရ A အဆင့် သက်မှတ်ချက်ရရှိသော လ္ဘက်ရည်ဆိုင်နှင့် စား သောက်ဆိုင်အရေအတွက် (၈၀၁၇) ဆိုင်ရှိကြောင်း အထက်ပါညွန်ကြားစာတွင် ပါဝင်သည်။
 
COVID 19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ လ္ဘက်ရည်ဆိုင်နှင့် စား သောက်ဆိုင်များကို ဆိုင်ထိုင်စားသောက်ခွင့်ပြုသွားမည်ဖြစ်သော်လည်း လိုအပ်သော ကျန်မာရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းရှိမရှိကို ရှောင်တခင် စစ်ဆေးရန်အတွက်လဲ အထက်ပါ ညွန်ကြားချက်တွင် ရေးသားထားသည်။
 
A အဆင့် ရရှိသော လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်စားသောက်ခွင့် ခွင့်ပြုမည်ဖြစ်သော်လည်း လိုက်နာခြင်းမရှိပါကလဲ ဥပဒေနှင့်အညီ လိုအပ်သလို အရေးယူရန် ညွန်ကြားချက်တွင် ထည့်သွင်းထုတ်ပြန်ထားသည်။
 
#PeopleMedia

Share this post