Storm Shadow ကလွဲလို့ ဗြိတိန်ကထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်းအားလုံး ယူကရိန်း လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ကြောင်း ဗြိတိန်ပြော
PUBLISHED - August 15, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၅
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံအတွင်းပိုင်းထဲကို ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်း ဗြိတိန်နိုင်ငံကထောက် ပံ့ထားတဲ့လက်နက်တွေကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား လိုက်ပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ ရုရှားနိုင်ငံပိုင်နက်ထဲကို နယ်စပ်ဖြတ်ကျော်ပြီး တန်ပြန်အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းတပ်တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနယ်စပ်ဖြစ်ပြီး ရုရှားနိုင်ငံပိုင်နက်ထဲက ကာ့စ်ခ်ဒေသကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ပွဲရဲ့ နောက်ဆုံးအခြေအနေ အပြောင်းအလဲကြောင့် ရုရှားနဲ့ အနောက်အုပ်စုကြား တင်းမာမှုတွေ ပိုမိုမြင့် တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ယူကရိန်းအနေနဲ့ ဗြိတိန်နိုင်ငံက ထောက်ပံ့ထားတဲ့လက်နက်တွေကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအတွက် ရှင်းလင်းစွာ သုံးစွဲခွင့်ရှိပြီး လေဘာပါတီအာဏာရလာကတည်းက မူဝါဒ အပြောင်းအလဲမရှိကြောင်း ဗြိတိန်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“ဗြိတိန်အစိုးရရဲ့မူဝါဒက ဘာမှ အပြောင်းအလဲမရှိပါဘူး။ ကုလသမဂ္ဂ ပဋိညဉ် အပိုဒ် ၅၁ အရ ရုရှားရဲ့ တရားမ ဝင်တိုက်ခိုက်မှုကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံမှာ ရှင်းလင်းပြတ်သားတဲ့ အခွင့်အ ရေးရှိပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
“စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းပေးကတည်းက နိုင်ငံတကာဥပဒေနဲ့အညီ အဲဒီလက်နက်တွေကို အသုံးပြု နိုင်ကြောင်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဗြိတိန်ရဲ့မူဝါဒက ရည်ညွှန်းထားတဲ့ လက်နက်တွေက “ဗြိတိန်က ထောက်ပံ့ထားတဲ့ တင့်ဖျက်ဒုံးကျည်တွေ၊ အမြောက်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားလက်နက်တွေ” ကို ဆိုလိုပါတယ်။
ဒါပေမဲ့ Storm Shadow (မုန်တိုင်းအရိပ်) ဒုံးကျည်တွေကိုတော့ ယူကရိန်းနယ်ကို ကျော်လွန်ပြီး သုံးစွဲခြင်းမပြုဖို့ ကန့်သတ်ထားပါတယ်။
အဲဒီ တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းနိုင်ငံထဲက စစ်ပွဲမှာပဲ အသုံးပြုဖို့ ဒေါင်းနင်းလမ်း (ဗြိတိန်အစိုးရ) က နဂိုကတည်းက ပြောကြားထားပြီးဖြစ်ပါတယ်။
Ref: UK military weapons gifted to Ukraine free to be used in Russia: Daily Record
#PeopleMedia