• Follow Us on

Home Stryker သံချပ်ကာတိုက်ခိုက်ရေးယာဉ်ပေါ်မှ စွမ်းရည်မြင့်လေဆာလက်နက်ကို အမေရိကန်စစ်တပ် စမ်းသပ်ပစ်ခတ်

Stryker သံချပ်ကာတိုက်ခိုက်ရေးယာဉ်ပေါ်မှ စွမ်းရည်မြင့်လေဆာလက်နက်ကို အမေရိကန်စစ်တပ် စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၄ (People Media)

 

အိုကလာဟိုးမားပြည်နယ်၊ ဖို့တ်ဆဲလ်တပ်စခန်းတွင် “တိုက်ပွဲဝင်ပဲ့ထိန်းဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုလေ့ကျင့် ခန်း” ပြုလုပ်နေစဉ်အတွင်း အမေရိကန်တပ်မတော်သည် Stryker သံချပ်ကာတိုက်ခိုက်ရေးယာဉ်ပေါ်မှ ပထမ ဦးဆုံး ရှေ့ပြေးပုံစံ စွမ်းရည်မြင့်လေဆာလက်နက်ကို ပစ်ခတ်စမ်းသပ်ခဲ့ကြောင်းသိရသည်။

 

နှစ်နှစ်ကြာစမ်းသပ်ထုတ်လုပ်ခဲ့ရသည့် အဆိုပါလက်နက်သစ်ကို အမေရိကန်စစ်သည်များအား ရန်သူ့ဒရုန်းများ၊ ဒုံးကျည်များ၊ အမြောက်များနှင့် မော်တာများပစ်ခတ်မှုမှ ကာကွယ်ပေးရာတွင် အသုံးပြုသွားမည်ဖြစ်သည်။ ၎င်း အပြင် ထောက်ပံ့ပို့ဆောင်ရေးလိုအပ်ချက်ကိုလျှော့ချထားသည့်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်အသုံးပြု စရိတ်ကိုလျှော့ချထားစဉ်အတွင်း လေကြောင်း ရန်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးတို့အတွက် ယင်း လက်နက်သစ်ကို အဆင့်မြှင့်အသုံးပြုသွားရန်လည်းမျှော်လင့်ထားသည်။

 

“ပဲ့ထိန်းဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုလေ့ကျင့်ခန်း” ပြုလုပ်နေစဉ်အတွင်း Stryker သံချပ်ကာတိုက်ခိုက်ရေး ယာဉ် ပေါ်တွင် တပ်ဆင်ထားသောလေဆာလက်နက်သည် လမ်းညွှန်စွမ်းအင် တာတိုပစ်လေကြောင်းရန် ကာကွယ် ရေးလှုပ်ရှားမှုစနစ် စမ်းသပ်ပစ်ခတ်ရန် အနာဂတ်ဖြစ်နိုင်ခြေအနေခြအနေများစွာနှင့် ရင်ဆိုင်ခဲ့ရ သည်။ လေကြောင်းရန်ခြိမ်းခြောက်မှုများကို သဏ္ဍန်တူပြုလုပ်သွားရန် စစ်သည်များအနေဖြင့် စစ်ရေးလေ့ ကျင့် ခန်းပေါင်း များစွာကိုလည်း ပြုလုပ်သွားခဲ့ကြသည်။

 

စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်တပ်မတော်၏ ပထမဦးဆုံးလေဆာလက်နက်ကို စမ်းသပ်ပစ်ခတ်နိုင်ခဲ့ ကြောင်းနှင့် ယင်းနည်းပညာမှာ အသုံးပြုရန်အသင့်ရှိနေပြီး အနာဂတ်အတွက် အောင်မြင်မှုလမ်းစဖြစ်ကြောင်း အမေရိကန်ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး နီရယ်လ်သာဂွဒ်ကပြောသည်။

အဆိုပါလေဆာလက်နက်ကိုင်တွယ်ထိန်းသိမ်းရန်အတွက် လိုအပ်သည့်ရင်းမြစ်များလုံလောက်စွာရရှိရေး တိကျ သေချာအောင်ဆောင်ရွက်ရန် လေ့ကျင့်သင်ကြားရေး၊ ခေါင်းဆောင်မှု၊ ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ပစ္စည်း များနှင့် မူဝါဒပိုင်းဆိုင်ရာများ အထူးကျွမ်းကျင်သော ကုမ္ပဏီများပါဝင်သည့် နယ်ပယ်ပေါင်းစုံအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်သည်။ ရှေ့ပြေးပုံစံများထုတ်လုပ်ပြီးသွားချိန်တွင် တိကျမှန်ကန်သောစစ်လက်နက်ပစ္စည်း များအဆင်သင့်ဖြစ်စေရေးအတွက် ယင်းအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။

 

ရှေ့ပြေးပုံစံလေဆာလက်နက်စမ်းသပ်ပစ်ခတ်မှုသည် သင်ခန်းစာပေါင်းများစွာထွက်ပေါ်လာကြောင်း၊ စမ်းသပ် ပစ်ခတ်မှု၏ ရလဒ်အဖြစ် မိမိစစ်သည်များအတွက် ဘေးကင်းလုံခြုံပြီး ပစ်မှတ် များကို တိတိကျကျပစ်ခတ်နိုင် သည့် လေဆာလက်နက်ဒီဇိုင်းရေးဆွဲရန်လိုအပ်သည်ကို အမေရိကန်တပ်မတော်အနေဖြင့် ပို၍သဘောပေါက် လာခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး နီရယ်လ်သာဂွဒ်ကပြောသည်။

 

Ref: US Army Tests High-Energy Laser Weapon on Stryker Combat Vehicles

 

#PeopleMedia #International

 

(unicode)


………………………………………………………………..

 


 


 


 


 



 


 

Ref: US Army Tests High-Energy Laser Weapon on Stryker Combat Vehicles

 

#PeopleMedia #International


Share this post