• Follow Us on

Home Su-30 ဂျက်တိုက်လေယာဉ် ပထမအသုတ် နှစ်စင်း မြန်မာလက်ခံရရှိပြီးဖြစ်

Su-30 ဂျက်တိုက်လေယာဉ် ပထမအသုတ် နှစ်စင်း မြန်မာလက်ခံရရှိပြီးဖြစ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

 

မြန်မာနိုင်ငံက ရုရှားနိုင်ငံကတင်ပို့လိုက်တဲ့ Su-30 ဂျက်တိုက်လေယာဉ် ပထမအသုတ် နှစ်စင်းကိုလက်ခံရရှိပြီး ဖြစ်ကြောင်း မြန်မာကုန်သွယ်ရေးဝန်ကြီးချာလီသန်းက ရုရှားအစိုးရသတင်းဌာန RIA ကို စက်တင်ဘာလ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။

 

“ဂျက်တိုက်လေယာဉ်နှစ်စင်းက ပို့ပြီးသွားပါပြီ။” လို့ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အားပေးမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ဗလာဒီဗော့စတော့မြို့မှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ ရုရှားနိုင် ငံရဲ့ နှစ်ပတ်လည်ဖိုရမ်ဖြစ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ရဲ့ ဘေးပန်းအစည်းအဝေးမှာ ချာလီသန်းက RIA သ တင်းဌာနကို ပြောပါတယ်။

 

ရုရှားနဲ့ မြန်မာနိုင်ငံဟာ Su-30SME ဂျက်တိုက်လေယာဉ် ၆ စင်း ပေးပို့ဖို့အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းက သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း RIA သတင်းဌာနက ပြောပါတယ်။

 

ဆူခွိုင်း Su-30SME ဘက်စုံသုံးဂျက်တိုက်လေယာဉ်ဟာ ရန်သူ့လေကြောင်းပစ်မှတ်တွေတိုက်ရေးလုပ်ငန်း၊ လေ ကြောင်းကင်းထောက်လုပ်ငန်း၊ လက်ဦးမှုရယူတိုက်ခိုက်ခြင်း/ တုံ့ပြန်တိုက်ခိုက်ခြင်း စတဲ့ တိုက်ခိုက်ရေးလုပ် ငန်းတွေနဲ့ လေသူရဲအမောင်းသင်လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ် ကြောင်း ရုရှားအစိုးရပိုင် Rosoboronexport ကုမ္ပဏီက ပြောပါတယ်။

 

နှစ်နိုင်ငံကြားကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အခုအရှေ့ဖျားစီးပွားရေးဖိုရမ်မှာ နှစ်နိုင် ငံသဘောတူစာချုပ်အများအပြားကို လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း ချာလီသန်းက ရုရှားအစိုးရပိုင် TASS သတင်းဌာနကို ပြောပါတယ်။

 

မြန်မာ နစက ခေါင်းဆောင်တွေကို ရုရှားနိုင်ငံကအကူအညီပေးနေတာဟာ လက်ခံနိုင်စရာမဟုတ်ဘဲ မတည် ငြိမ်အောင်ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ရုရှားနိုင်ငံကလက်နက်တွေထောက်ပံ့နေတာဟာ မြန်မာနိုင်ငံ အ တွက် ဘေးဒုက္ခဖြစ်စေမယ့် ပဋိပက္ခကို မီးလောင်ရာလေပင့်တဲ့နေရာမှာ အထောက်အကူဖြစ်စေကြောင်း အမေ ရိကန်ပြည်ထောင်စုက ပြောပါတယ်။

 

၂၀၂၁ ခုနှစ် ကတည်းက ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ထိပ်တန်းသံတမန်တွေဟာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့သလို မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း ရုရှားနိုင်ငံကို သုံး လေးကြိမ်သွားရောက်လည်ပတ်ခဲ့ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့ပါတယ်။

 

Ref: Myanmar receives first shipment of Russia’s Su-30 fighter jets, RIA reports

 

#PeopleMedia


Share this post