Su-30SME ဂျက်တိုက်လေယာဉ် ၂ စင်း ရုရှားထံမှ မြန်မာလက်ခံရရှိ
PUBLISHED - July 6, 2022
နိုင်ငံတကာ၊ ဇူလိုင် ၆
ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ အင်ဂျင်နှစ်လုံးတပ် ဆူခွိုင်း Su-30SME ဂျက်တိုက်လေယာဉ် ၆ စင်းအနက် အခု နှစ် မတ်လအတွင်းက မြန်မာနိုင်ငံကို ၂ စင်း ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Su-30SME ဂျက်တိုက်လေယာဉ်အသစ်နှစ်စင်းဟာ လက်ရှိအချိန်မှာ နေပြည်တော်မှာ ရောက်နေပြီဖြစ်ပြီး ရုရှား လေသူရဲတွေနဲ့ ပညာရှင်တွေလည်း နေပြည်တော်မှာရော မန္တလေးမှာပါ ရောက်နေကြောင်း ဧရာဝတီသတင်းဌာ နက ရေးသားထားပါတယ်။
အဲဒီ ရုရှားလေသူရဲတွေနဲ့ ပညာရှင်တွေဟာ မြန်မာ့တပ်မတော် (လေ) ကို ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး တိုက် လေယာဉ်တွေ အာမခံသက်တမ်းကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုင်ဂူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း Yak-130 တိုက်ခိုက်ရေးနဲ့ အမောင်းသင် လေယာဉ်တွေ ဝယ်ယူရေးအပါအဝင် Su-30SME ဂျက်တိုက်လေယာဉ် ၆ စင်း ဝယ်ယူရေးအတွက် ၂၀၁၈ ခုနှစ် မှာ မြန်မာနိုင်ငံက ရုရှားနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံထုတ် ဂျက်တိုက်လေယာဉ်တွေ၊ တရုတ်နိုင်ငံထုတ်ဂျက်တိုက်လေယာဉ်တွေနဲ့ အများဆုံးဖွဲ့စည်းထား တဲ့ မြန်မာ့တပ်မတော်လေမှာ အဲဒီ Su-30SME ဂျက်တိုက်လေယာဉ်တွေဟာ နောက်ဆုံးပေါ် ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က ကချင်ပြည်နယ်က KIA နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်က Su-30SME ဂျက် တိုက်လေယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ သက်သေအထောက်အထားမရခဲ့ပါ ဘူး။
ဖြစ်နိုင်ချေရှိတာကတော့ အဲဒီတုန်းကအသုံးပြုခဲ့တာ MiG-29 ဂျက်တိုက်လေယာဉ်တွေဖြစ်ဖို့ နီးစပ်တယ် လို့ဆိုပါတယ်။
ရုရှားဘက်က စစ်ဘက်ဆိုင်ရာအရာရှိတွေ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာနိုင်ငံကို မကြာခဏ လာရောက်လည် ပတ်ခဲ့ကြသလို အခုလို ခေတ်မီဂျက်တိုက်လေယာဉ်တွေရောင်းပေးတာဟာလည်း မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုက်တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာကိုလည်း ထောက်ခံခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
Ref: Myanmar receives first two Sukhoi Su-30SME Flanker fighters from Russia
#PeopleMedia
(unicode)
…………………………………
Ref: Myanmar receives first two Sukhoi Su-30SME Flanker fighters from Russia
#PeopleMedia