Su-34 ဂျက်တိုက်လေယာဉ်တွေ ပိုမိုထုတ်လုပ်ဖို့လုပ်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီးပြော

PUBLISHED - October 7, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၇
ရုရှားနိုင်ငံဟာ ယူကရိန်းထိုးစစ်ကို အောင်မြင်အောင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် Su-34 ဂျက်တိုက်လေ ယာဉ်တွေကို ပိုမိုထုတ်လုပ်ဖို့လိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုင်ဂူက သောကြာနေ့ (အောက် တိုဘာလ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲဖြစ်ပွားလာခဲ့တာ ဒုတိယနှစ်ထဲရောက်လာတဲ့အချိန်မှာ စစ်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အတွက် စစ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲဖို့ ရုရှားအစိုးရက စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကြေညာခဲ့ပါ တယ်။
“ဒီလေယာဉ်တွေဟာ အကြမ်းအတမ်းခံပြီး တကယ့်ကိုအားကိုးရတဲ့လေယာဉ်တွေဖြစ်ပါတယ်။ အဲဒီလေယာဉ် တွေဟာ တစ်ရက်ကို လေးကြိမ်ကနေ ငါးကြိမ်အထိ ပျံသန်းတိုက်ခိုက်နိုင်ပါတယ်။” လို့ ဆိုက်ဘေးရီးယားမှာရှိ တဲ့ နိုဗိုဆီဘီးယာ့စ်ခ်မြို့မှာ အခြေစိုက်ထားတဲ့ လေယာဉ်ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စဉ်အတွင်းမှာ ဆာ ဂျီရှိုင်ဂူက ပြောကြားလိုက်ပါတယ်။
“ဒါ့ကြောင့် ဒီလေယာဉ်တွေကို ကျွန်တော်တို့ ပိုပြီးတိုးမြှင့်ထုတ်လုပ်ဖို့လိုအပ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
Su-34 ဂျက်တိုက်လေယာဉ်တွေကို ပိုမိုလိုအပ်နေတဲ့အတွက် လေယာဉ်သစ်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ လေ ယာဉ်ဟောင်းတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အဲဒီစက်ရုံကို ကာကွယ်ရေးဝန်ကြီးရှိုင်ဂူက တာဝန်ပေးခဲ့ပါတယ်။
မော်စကိုမြို့တော် အရှေ့ဘက် ၁၈၆၄ မိုင် (ကီလိုမီတာ ၃၀၀၀) ဝန်းကျင်ကွာဝေးတဲ့ နိုဗိုဆီဘီးယာ့စ်ခ်မြို့က လေယာဉ် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်လည်ပတ်စဉ်မှာ ရှိုင်ဂူက အခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုခံထားရတဲ့ ရုရှားအစိုးရဟာ စစ်အတွင်း စီးပွားရေးကို အခြေပြုရုန်းကန်နေရတာဖြစ်ပါတယ်။
ရုရှားအစိုးရဟာ ၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွက် စစ်အသုံးစရိတ်ကို ၆၈ ရာခိုင်နှုန်းအထိ သုံးစွဲဖို့ တိုးမြှင့်သတ် မှတ်ခဲ့ပြီး အဲဒီပမာဏဟာ GDP ရဲ့ ခြောက်ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
Ref: Russian Defense Minister Calls to Speed up Bomber Production
#PeopleMedia