Su-57 ဂျက်တိုက်လေယာဉ်မှာ AI နည်းပညာအခြေခံ ရေဒီယိုဆက်သွယ်ရေးစနစ်တပ်ဆင်
PUBLISHED - August 11, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၁
ရုရှား ရူဆလက်ထရောနစ်ကုမ္ပဏီ (Ruselectronics) က Su-57 ဂျက်တိုက်လေယာဉ်မှာ AI (ဉာဏ်ရည်တု နည်းပညာ) အခြေခံ ရေဒီယိုဆက်သွယ်ရေးစနစ်ကို တပ်ဆင်လိုက်ကြောင်း The Defense Post မှာရေးသား ထားပါတယ်။
အခုတပ်ဆင်လိုက်တဲ့ရေဒီယိုဆက်သွယ်ရေးနစ်ဟာ လေယာဉ်နဲ့ မြေပြင် အဆက်အသွယ် ပိုမိုကောင်းမွန်စေ ရေးအတွက် အထောက်အကူပြုသွားမှာဖြစ်ကြောင်း ဧပြီလအတွင်းက Rostec ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကြိမ်နှှုန်းမြင့်လှိုင်းခွင်ထဲမှာ လည်ပတ်လှုပ်ရှားတဲ့ အဲဒီဆက်သွယ်ရေးစနစ်ကို ပဉ္စမမြောက်မျိုးဆက် ဂျက်တိုက် လေယာဉ်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ Su-57 ဂျက်တိုက်လေယာဉ် ၂၂ စင်းနဲ့ ၂၀၂၈ ခုနှစ် မတိုင်ခင်မှာ Su-57 ဂျက်တိုက် လေယာဉ် ၇၆ စင်း ရုရှားလေတပ်ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဆက်သွယ်ရေးစနစ်ရဲ့ “cognitive radio technology” ဟာ ကြားဖြတ်ဖမ်းယူနိုင်စွမ်းနဲ့ ထောက်လှမ်းရေးစွမ်း ရည်တွေကို မြှင့်တင်ပေးပြီး ရန်သူဘက်က ထုတ်လွှင့်တဲ့ “ရေဒီယိုတန်ပြန်ထုတ်လွှင့်ချက်” နဲ့ တခြားအီလက်ထ ရောနစ်စစ်ဆင်ရေးနည်းလမ်းတွေကို တန်ပြန်တိုက်ခိုက်ရာမှာ ကောင်းစွာအထောက်အကူပြုနိုင်တယ်လို့ ဆိုပါ တယ်။
“ဒီဆက်သွယ်ရေးစနစ်ဟာ AI နည်းပညာကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို ပိုမိုရှင်းလင်းပြတ်သား စွာ ပေးပို့ဆက်သွယ်နိုင်ပါတယ်။” လို့ Rostec ကုမ္ပဏီက ပြောပါတယ်။
ဒီဆက်သွယ်ရေးစနစ်မှာ ကွန်ပျူတာတွေ၊ လိမ်ယှက်ရောထွေးစနစ်နဲ့ အပြိုင်စနစ်၊ ကြိမ်နှုန်းမြင့်လှိုင်းခွင်စနစ်၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးစက်နဲ့ အသံမဲ့ဝှက်စာရေးသွင်းခြင်းနဲ့ ဝှက်စာဖော်ထုတ်ခြင်းစနစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
Ref: Russia Equips Su-57 Jet with AI-Based Secure Communication Suite
#PeopleMedia