Super Hornet ဂျက်တိုက်လေယာဉ်တွေအတွက် မျိုးဆက်သစ်အီလက်ထရောနစ်တန်ပြန်တိုက်ဖျက်ရေးစနစ် ရှေ့ပြေးပုံစံသစ် ရေသီယွန်ကုမ္ပဏီက ထုတ်လုပ်မည်
PUBLISHED - December 21, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁
အမေရိကန်ရေတပ်က F/A-18 E Super Hornet နဲ့ F/A-18 F Super Hornet ဘက်စုံသုံးဂျက်တိုက်လေယာဉ် တွေအတွက် မျိုးဆက်သစ်အီလက်ထရောနစ်တန်ပြန်တိုက်ဖျက်ရေးစနစ် ရှေ့ပြေးပုံစံသစ်တစ်ခုထုတ်လုပ်ဖို့အ တွက် ရေသီယွန်ကုမ္ပဏီ (Raytheon) က ဒေါ်လာသန်း ၈၀ တန် ကန်ထရိုက်စာချုပ်တစ်ခုကို လက်ခံရရှိလိုက် ပါတယ်။
အခုထုတ်လုပ်မယ့်စနစ်သစ်ဟာ F/A-18 E/F Super Hornet ဂျက်တိုက်လေယာဉ်တွေမှာ လက်ရှိအသုံးပြုနေ တဲ့ AN/ALQ-214 အီလက်ထရောနစ်တန်ပြန်တိုက်ဖျက်ရေးစနစ်နဲ့ AN/ALR-67(V)3 ရေဒါကြိုတင်အချက်ပေး စနစ်တို့ကို အစားထိုးသွားမှာဖြစ်ပါတယ်။
ဗာဂျီးနီးယားပြည်နယ်အခြေစိုက် ရေသီယွန်ကုမ္ပဏီဟာ စီမံချက်လုပ်ငန်းကို L3Harris ကုမ္ပဏီနဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အစီအစဉ်သစ်အတွက် ရေသီယွန်ကုမ္ပဏီဟာ အရေးကြီးတဲ့ စနစ်အဆင်မြှင့်တင်မှုတွေ၊ စက်ပစ္စည်းအစိတ်အ ပိုင်းလျှော့ချမှုတွေနဲ့ ပွင့်လင်းမြင်သာတဲ့ဗိသုကာဒီဇိုင်းတစ်ခုပါရှိတဲ့ ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ် တစ်ခု (Advanced Electronic Warfare – ADVEW) ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားမှာဖြစ်ပါတယ်။
F/A-18 E/F Super Hornet ဂျက်တိုက်လေယာဉ်တွေမှာအသုံးပြုနေဆဲဖြစ်တဲ့ ရေဒီယိုကြိမ်နှုန်းအာရုံခံကိရိ ယာနဲ့ ပြန်လည်တုံ့ပြန်တဲ့ကိရိယာတွေ အပါအဝင် Super Hornet ဂျက်တိုက်လေယာဉ်တွေမှာတွေ့ရှိရတဲ့ အမွေအနှစ်စနစ်တွေနဲ့ သဟဇာတဖြစ်တဲ့အရည်အသွေးကို ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ် ADVEW က ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။
ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ် ADVEW ရှေ့ပြေးပုံစံတည်ဆောက်ရေးလုပ်ငန်းတွေကို ကယ်လီဖိုး နီးယားပြည်နယ် ဂလီတာမြို့မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
သုံးနှစ်အတွင်း ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ် ADVEW ရှေ့ပြေးပုံစံကို ကနဦးဒီဇိုင်းဆန်းစစ်လေ့ လာရေး၊ အပြီးသတ်ဆန်းစစ်လေ့လာရေးနဲ့ လေယာဉ်နဲ့အတူတွဲဖက်ပျံသန်းဆန်းစစ်ခြင်းလုပ်ငန်းတွေဆောင် ရွက်ပြီး အကဲဖြတ်သွားမှာဖြစ်ပါတယ်။
ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ် ADVEW နည်းပညာသစ်ဟာ အမေရိကန်ရေတပ်က Super Hornet ဂျက်တိုက်လေယာဉ်တွေရဲ့ အီလက်ထရောနစ်စစ်ဆင်ရေးအားသာချက်တွေကို ထိန်းသိမ်းသွားနိုင်စွမ်း ရှိသလို မြင့်တက်လာတဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးသွားနိုင်စွမ်းရှိကြောင်း ရေသီယွန်ကုမ္ပဏီက ပြောပါတယ်။
“ဒီခေတ်မီနည်းပညာဖွံ့ဖြိုးမှုတွေဟာ လာမယ့်မျိုးဆက်သစ် အီလက်ထရောနစ်စစ်ဆင်ရေးအတွက် လမ်းခင်းပေး နေတာဖြစ်ပါတယ်။” လို့ ရေသီယွန်ကုမ္ပဏီရဲ့ Advanced Products & Solutions ဥက္ကဋ္ဌ ဘရိုင်ယန်ရို့စ်ဆဲလီး က ပြောပါတယ်။
Ref: Raytheon to Build Next-Gen EW Prototype for US Navy Super Hornets
#PeopleMedia