TikTok နဲ႔ တျခားတ႐ုတ္ဖုန္းအက္ပလီေကး႐ွင္း ၅၉ ခုကို အိႏၵိယပိတ္ သိမ္း

PUBLISHED - June 30, 2020
နယူးေဒလီ၊ ဇြန္ ၃၀
ႏိုင္ငံအတြက္ အႏၲရာယ္ေတြလို႔ဆိုၿပီး TikTokနဲ႔ တျခားတ႐ုတ္ႏိုင္ငံက ဖုန္းအက္ပလီေကး႐ွင္းဒါဇင္ခ်ီကို အိႏၵိယ အစိုးရက ပိတ္ပင္လိုက္ပါတယ္။
အဲဒီအက္ပလီေကး႐ွင္းေတြဟာ ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ဂုဏ္သိကၡာ၊ ကာကြယ္ေရး၊ ႏိုင္ငံလံုၿခံဳေရးနဲ႔ ၿငိမ္ ၀ပ္ပိျပာေရးတို႔ကို ထိခိုက္ေစတယ္လို႔ ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။
စုစုေပါင္းအက္ပလီေကး႐ွင္း ၅၉ ခုကိုပိတ္ပင္ခဲ့ၿပီး ပိတ္ခံရတဲ့အထဲမွာ လူသံုးမ်ားတဲ့စာပို႔အက္ပလီေကး႐ွင္း We Chat လည္းပါပါတယ္။
ႏွစ္ႏိုင္ငံပိုင္ဆိုင္မႈအျငင္းပြားေနတဲ့လာဒါ့ေဒသမွာ တင္းမာမႈေတြေၾကာင့္ ထိေတြ႕မႈျဖစ္ခဲ့ၿပီးေနာက္ အိႏိၵယဘက္ က အခုလိုပိတ္ပင္လိုက္တာပါ။
အသံုးျပဳသူေတြရဲ႕အခ်က္အလက္ေတြကို တရား၀င္ခြင့္မျပဳထားတဲ့နည္းလမ္းေတြနဲ႔ တိတ္တခိုးခိုးယူပို႔လႊတ္ေန တယ္ဆိုတဲ့ အက္ပလီေကး႐ွင္းေတြအေၾကာင္း သတင္းရင္းျမစ္အေျမာက္အျမားဆီကေန တိုင္ၾကားမႈေတြ႐ွိခဲ့ၿပီး ေနာက္ တ႐ုတ္အက္ပလီေကး႐ွင္း ၅၉ ခုကို ပိတ္ပင္လိုက္တယ္လို႔ အိႏိၵယႏိုင္ငံရဲ႕သတင္းအခ်က္အလက္နည္း ပညာဆိုင္ရာ၀န္ႀကီးဌာနကေျပာပါတယ္။
TikTok ရဲ႕မိခင္ကုမၸဏီ ByteDance ဟာ တ႐ုတ္ႏိုင္ငံၿမိဳ႕ေတာ္ေဘက်င္းမွာအေျခစိုက္ၿပီး ကမာၻအႏွံ႔ကိုမျပန္႔ႏွံ႔ ခင္ တ႐ုတ္ေစ်းကြက္မွာ အရင္ဆံုးလူသိမ်ားေက်ာ္ၾကားခဲ့ပါတယ္။
အိႏၵိယဟာ TikTok ရဲ႕အႀကီးဆံုးႏိုင္ငံျခားေစ်းကြက္ျဖစ္ၿပီး အသံုးျပဳသူသန္း ၁၂၀ ေလာက္႐ွိပါတယ္။
အိႏၵိယႏိုင္ငံကပိတ္ပင္လိုက္တဲ့အက္ပလီေကး႐ွင္းေတြမွာ တြစ္တာနဲ႔တူတဲ့တ႐ုတ္အက္ပလီေကး႐ွင္း Weibo၊ မဟာဗ်ဴဟာဂိမ္း Clash of Kings နဲ႔ အီလက္ထေရာနစ္စီးပြားေရးအက္ပလီေကး႐ွင္း Club Factory နဲ႔ Shein တို႔လည္းပါ၀င္ပါတယ္။
Ref : India bans TikTok, WeChat and dozens more Chinese apps
#PeopleMedia
(unicode)
TikTok နဲ့ တခြားတရုတ်ဖုန်းအက်ပလီကေးရှင်း ၅၉ ခုကို အိန္ဒိယပိတ် သိမ်း
………………………………………………
နယူးဒေလီ၊ ဇွန် ၃၀
နိုင်ငံအတွက် အန္တရာယ်တွေလို့ဆိုပြီး TikTokနဲ့ တခြားတရုတ်နိုင်ငံက ဖုန်းအက်ပလီကေးရှင်းဒါဇင်ချီကို အိန္ဒိယ အစိုးရက ပိတ်ပင်လိုက်ပါတယ်။
အဲဒီအက်ပလီကေးရှင်းတွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ဂုဏ်သိက္ခာ၊ ကာကွယ်ရေး၊ နိုင်ငံလုံခြုံရေးနဲ့ ငြိမ် ဝပ်ပိပြာရေးတို့ကို ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
စုစုပေါင်းအက်ပလီကေးရှင်း ၅၉ ခုကိုပိတ်ပင်ခဲ့ပြီး ပိတ်ခံရတဲ့အထဲမှာ လူသုံးများတဲ့စာပို့အက်ပလီကေးရှင်း We Chat လည်းပါပါတယ်။
နှစ်နိုင်ငံပိုင်ဆိုင်မှုအငြင်းပွားနေတဲ့လာဒါ့ဒေသမှာ တင်းမာမှုတွေကြောင့် ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် အိန္ဒိယဘက် က အခုလိုပိတ်ပင်လိုက်တာပါ။
အသုံးပြုသူတွေရဲ့အချက်အလက်တွေကို တရားဝင်ခွင့်မပြုထားတဲ့နည်းလမ်းတွေနဲ့ တိတ်တခိုးခိုးယူပို့လွှတ်နေ တယ်ဆိုတဲ့ အက်ပလီကေးရှင်းတွေအကြောင်း သတင်းရင်းမြစ်အမြောက်အမြားဆီကနေ တိုင်ကြားမှုတွေရှိခဲ့ပြီး နောက် တရုတ်အက်ပလီကေးရှင်း ၅၉ ခုကို ပိတ်ပင်လိုက်တယ်လို့ အိန္ဒိယနိုင်ငံရဲ့သတင်းအချက်အလက်နည်း ပညာဆိုင်ရာဝန်ကြီးဌာနကပြောပါတယ်။
TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဟာ တရုတ်နိုင်ငံမြို့တော်ဘေကျင်းမှာအခြေစိုက်ပြီး ကမ္ဘာအနှံ့ကိုမပြန့်နှံ့ ခင် တရုတ်ဈေးကွက်မှာ အရင်ဆုံးလူသိများကျော်ကြားခဲ့ပါတယ်။
အိန္ဒိယဟာ TikTok ရဲ့အကြီးဆုံးနိုင်ငံခြားဈေးကွက်ဖြစ်ပြီး အသုံးပြုသူသန်း ၁၂၀ လောက်ရှိပါတယ်။
အိန္ဒိယနိုင်ငံကပိတ်ပင်လိုက်တဲ့အက်ပလီကေးရှင်းတွေမှာ တွစ်တာနဲ့တူတဲ့တရုတ်အက်ပလီကေးရှင်း Weibo၊ မဟာဗျူဟာဂိမ်း Clash of Kings နဲ့ အီလက်ထရောနစ်စီးပွားရေးအက်ပလီကေးရှင်း Club Factory နဲ့ Shein တို့လည်းပါဝင်ပါတယ်။
Ref : India bans TikTok, WeChat and dozens more Chinese apps
#PeopleMedia