• Follow Us on
Latest News

Home TikTok မှာ ဝက်သားကြော်မစားခင် မွတ်စ်လင်မ်လို ဆုတောင်းခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

TikTok မှာ ဝက်သားကြော်မစားခင် မွတ်စ်လင်မ်လို ဆုတောင်းခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

 

လူဖီရာဝတီ ဆိုတဲ့ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ ဝက်သားကြော်မစားခင် မွတ်စ်လင်မ်လို ဆုတောင်းနေတဲ့ ဗီဒီယိုဖိုင်ကို TikTok မှာ တင်ခဲ့တဲ့အတွက် စက်တင်ဘာ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံ၊ ပါလမ်ဘန်းမြို့က တရားရုံးက အဆိုပါ အသက် ၃၃ နှစ်အရွယ်အမျိုးသမီးကို ဘာသာတရား ပေါ် အခြေခံပြီး အမုန်းပွားစေဖို့ ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ဝေမှုနဲ့ ဒဏ်ငွေ ရူပီယာ သန်း ၂၅၀ (ဒေါ်လာ ၁၆၂၄၉.၅၉) ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင်အများစုနေထိုင်တဲ့ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး အစ္စလာမ့် ဥပဒေအရ ဝက်သားဟာ တားမြစ်ထားတဲ့အရာဖြစ်ပါတယ်။ လူဖီရာဝတီဟာလည်း မွတ်စလင်တစ်ဦးဖြစ် ကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။

 

လူဖီရာဝတီက အဆိုပါ ဗီဒီယိုအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ပြီး စီရင်ချက်အပေါ် အံ့အားသင့်ခဲ့ရကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ “ကျွန်မ မှားမှန်းသိပါတယ်၊ ဒါပေမယ့် ဒီပြစ်ဒဏ်ကိုတော့ ကျွန်မ မမျှော်လင့်ထားပါဘူး” လို့ လူဖီရာဝတီက ဒေသတွင်း သတင်းဌာနတစ်ခုကို ပြောပါတယ်။

 

ဒီအမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာရေးစော်ကားမှု အများအပြားထဲက နောက်ဆုံးတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လည်း မိုဟာမက်အမည်ရှိတဲ့ ဖောက်သည်တွေကို ဘီယာအလကားတိုက်မယ်လို့ ကြော်ငြာခဲ့တဲ့ ဘားဆိုင်တစ်ခု က လူခြောက်ဦးကို ဘာသာရေးစော်ကားမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

 

ref; aljazeera

 

#PeopleMedia


Share this post