• Follow Us on

Home TikTok ႏွင့္ WeChat အပါအ၀င္ တ႐ုတ္အက္ပလီေကးရွင္းမ်ားအႏၲရာယ္ရွိေၾကာင္းအမိန္႔ ထရမ့္လက္မွတ္ထိုး

TikTok ႏွင့္ WeChat အပါအ၀င္ တ႐ုတ္အက္ပလီေကးရွင္းမ်ားအႏၲရာယ္ရွိေၾကာင္းအမိန္႔ ထရမ့္လက္မွတ္ထိုး

Share this post

ဝါရွင္တန္ဒီစီ၊ ဩဂုတ္ ၇

TikTok အက္ပလီေကးရွင္း၏မိခင္ကုမၸဏီByteDanceႏွင့္ ေငြေပးေငြယူမ်ားပိတ္ပင္ရန္ ဥပေဒကဲ့သို႔အာဏာ တည္ေသာအမိန္႔ကို အေမရိကန္သမၼတေဒၚနယ္ ထရမ့္က လက္မွတ္ေရးထိုးလိုက္သည္။

“ကြၽႏု္ပ္တို႔၏အမ်ိဳးသားလုံၿခဳံေရးကိုကာကြယ္ရန္ TikTok၏ပိုင္ရွင္မ်ားကို အေမရိကန္ျပည္ေထာင္စုက ျပင္းထန္သည့္အေရးယူမႈမ်ားလုပ္ေဆာင္သြားရမည္”ဟု အမိန္႔တြင္ပါဝင္သည္။

၄၅ ရက္အၾကာတြင္ အသက္ဝင္မည့္အမိန္႔အရ ByteDance ႏွင့္ေငြေပးေငြယူမွန္သမွ်ကို တားျမစ္သြားမည္ဟု သိရသည္။

“သတင္းအခ်က္အလက္ႏွင့္ဆက္သြယ္ေရးနည္းပညာ၊ ဝန္ေဆာင္မႈထုတ္လုပ္ျဖန္႔ခ်ိေရးကြင္းဆက္ကို အေလးထားေသာအားျဖင့္ တစ္ႏိုင္ငံလုံးအေရးေပၚကိစၥနဲ႔ရင္ဆိုင္ဖို႔ ေနာက္ထပ္အဆင့္ေတြထပ္လုပ္ရ မယ္ဆိုတာ ေတြ႕ရွိခဲ့ပါတယ္”ဟု ထရမ့္က ထုတ္ျပန္ခ်က္တြင္ေျပာသည္။

တ႐ုတ္အစိုးရကို ထိန္းခ်ဳပ္ထားသည္ဆိုသည့္အခ်က္ကိုသာမက အခ်က္အလက္မ်ားေဝမွ်ေနသည္ဆို သည့္စြပ္စြဲခ်က္မ်ားကို TikTok ကျငင္းဆိုထားသည္။

ၾကာသပေတးေန႔ညတြင္ပင္ တ႐ုတ္အေျခစိုက္နည္းပညာကုမၸဏီႀကီး Tencent ကပိုင္ဆိုင္သည့္ WeChat ကိုပိတ္ပင္ရန္ အလားတူအေရးယူထားသည့္ေနာက္ဆက္တြဲအမိန္႔ကိုလည္း ထရမ့္က လက္မွတ္ေရးထိုးခဲ့ သည္။

Ref : TikTok Trump signs order to address ‘threat’ of Chinese app

#PeopleMedia

(unicode)
TikTok နှင့် WeChat အပါအဝင် တရုတ်အက်ပလီကေးရှင်းများအန္တရာယ်ရှိကြောင်းအမိန့် ထရမ့်လက်မှတ်ထိုး
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဩဂုတ် ၇

TikTok အက်ပလီကေးရှင်း၏မိခင်ကုမ္ပဏီByteDanceနှင့် ငွေပေးငွေယူများပိတ်ပင်ရန် ဥပဒေကဲ့သို့အာဏာ တည်သောအမိန့်ကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က လက်မှတ်ရေးထိုးလိုက်သည်။

“ကျွနု်ပ်တို့၏အမျိုးသားလုံခြုံရေးကိုကာကွယ်ရန် TikTok၏ပိုင်ရှင်များကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်သည့်အရေးယူမှုများလုပ်ဆောင်သွားရမည်”ဟု အမိန့်တွင်ပါဝင်သည်။

၄၅ ရက်အကြာတွင် အသက်ဝင်မည့်အမိန့်အရ ByteDance နှင့်ငွေပေးငွေယူမှန်သမျှကို တားမြစ်သွားမည်ဟု သိရသည်။

“သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ၊ ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ချိရေးကွင်းဆက်ကို အလေးထားသောအားဖြင့် တစ်နိုင်ငံလုံးအရေးပေါ်ကိစ္စနဲ့ရင်ဆိုင်ဖို့ နောက်ထပ်အဆင့်တွေထပ်လုပ်ရ မယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်”ဟု ထရမ့်က ထုတ်ပြန်ချက်တွင်ပြောသည်။

တရုတ်အစိုးရကို ထိန်းချုပ်ထားသည်ဆိုသည့်အချက်ကိုသာမက အချက်အလက်များဝေမျှနေသည်ဆို သည့်စွပ်စွဲချက်များကို TikTok ကငြင်းဆိုထားသည်။

ကြာသပတေးနေ့ညတွင်ပင် တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီး Tencent ကပိုင်ဆိုင်သည့် WeChat ကိုပိတ်ပင်ရန် အလားတူအရေးယူထားသည့်နောက်ဆက်တွဲအမိန့်ကိုလည်း ထရမ့်က လက်မှတ်ရေးထိုးခဲ့ သည်။

Ref : TikTok Trump signs order to address ‘threat’ of Chinese app

#PeopleMedia


Share this post