• Follow Us on

Home TNLAစစ္ဦးစီးခ်ဳပ္၏ေဒသကို တပ္မေတာ္မွဝင္ေရာက္ရွင္းလင္းရာ လက္နက္ႀကီး၊လက္နက္ငယ္မ်ားစြာ သိမ္းဆည္းႏိုင္

TNLAစစ္ဦးစီးခ်ဳပ္၏ေဒသကို တပ္မေတာ္မွဝင္ေရာက္ရွင္းလင္းရာ လက္နက္ႀကီး၊လက္နက္ငယ္မ်ားစြာ သိမ္းဆည္းႏိုင္

Share this post

ရန္ကုန္၊ႏိုဝင္ဘာ-၂၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ဆန္ၿမိဳ႕နယ္၊ မန္တုံေဒသတဝိုက္ နယ္ေျမလုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္စစ္ေၾကာင္း အခ်ိဳ႕သည္ TNLA စစ္ဦးစီးခ်ဳပ္အဆင့္ရွိ တားဟိုပႅါင္၏ ဇာတိေဒသျဖစ္သည့္ နမ့္ဆန္ၿမိဳ႕နယ္၊ ဟူးခင္ ေက်းရြာအုပ္စု၊ ဟိုမိန္းေက်းရြာ ႏွင့္ အနီးတဝိုက္ ေနရာမ်ားအား ဟန္ခ်က္ညီညီ ၀င္ေရာက္ ရွင္းလင္းခဲ့ရာ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ထိေတြ႕ ပစ္ခတ္မႈမ်ား အနည္းငယ္ျဖစ္ပြားခဲ့ၿပီး ေသာင္က်န္းသူမ်ား ဆုတ္ခြာသြားခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၂ ရက္ေန႔ နံနက္ပိုင္းမွ စ၍ ဟိုမိန္းေက်းရြာႏွင့္ အနီးတဝိုက္အား ဆက္လက္၍ အေသးစိတ္ရွင္းလင္းခဲ့ရာ ေန႔လယ္ပိုင္းတြင္ ၎ေက်းရြာ၏ အေရွ႕ေတာင္ဘက္၌TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ လက္နက္၊ ခဲယမ္းမ်ား သိမ္းဆည္း သိုဝွက္ထားသည့္ ေနရာ ၃ ေနရာအား ရွာေဖြ ေဖာ္ထုတ္ ေတြ႕ရွိခဲ့ၿပီး ၎ေနရာ ၃ ခုအနက္ ပထမေနရာမွ FN-6 ပခုံးထမ္း ေလယာဉ္ပစ္လက္နက္ ၁ လက္၊ လက္ပစ္ဗုံး ၃၇ လုံး၊ TNLA ယူနီေဖာင္းမ်ိဳးစုံ ထည့္ထားသည့္ အိတ္အႀကီး ၇၇ အိတ္တို႔အား လည္းေကာင္း၊ ဒုတိယေနရာမွ အမ္(၂၂)ေသနတ္ ၃၉ လက္၊ K-12 ေသနတ္ ၆၉ လက္၊ အမ္(၁၆)ေသနတ္ ၉ လက္၊ စက္ေသနတ္အလတ္စား ၂၉ လက္၊ အာရ္ပီဂ်ီ(၇) ၁၆ လက္၊ အာရ္ပီဂ်ီ(၂) ၅ လက္၊ ၁၂ ဗို႔ဆလိုက္ ၂ လက္တို႔အား လည္းေကာင္း၊ တတိယေနရာမွ ၇.၆၂ မီလီမီတာ က်ည္ ၄၃၁၆၀ ေတာင့္၊ ဒသမ ၅ က်ည္ ၃၀၀၀ ေတာင့္၊ အမ္(၂၂) က်ည္ ၁၀၅ ေတာင့္၊ အမ္(၂၂) က်ည္အိမ္ ၁၄၀၀ ခု၊ ယမ္းေပ်ာ့ ၂၀ ပုံး၊ လက္ပစ္ဗုံး ၈၄၃ လုံး၊ ၆၀မမဗုံးသီး ၉၈ လုံး၊ ၆၀မမထိပ္ဖူး ၉၀ လုံး၊ ၄၀မမဗုံးသီး ၁၄၈ လုံး၊ အားျမႇင့္ယမ္းဗူး ၈၈၅ ဗူးတို႔အား လည္းေကာင္း အသီးသီး သိမ္းဆည္းရရွိခဲ့သည္။

ဟိုမိန္းေက်းရြာအနီး ႏို၀င္ဘာလ ၂၂ ရက္ေန႔၌ ရွာေဖြေဖာ္ထုတ္ သိမ္းဆည္း ရရွိခဲ့သည့္ လက္နက္၊ ခဲယမ္းမ်ားမွာ K-12 ပခုံးထမ္းေလယာဉ္ပစ္လက္နက္ ၁ လက္ အပါအ၀င္ လက္နက္မ်ိဳးစုံ ၁၇၀ လက္၊ ခဲယမ္းမ်ိဳးစုံ ၈ မ်ိဳး(က်ည္မ်ိဳးစုံ ၄၆၂၆၅ ေတာင့္၊ ဗုံးသီးမ်ိဳးစုံ ၂၄၆ လုံး၊ ယမ္းဗူး ၈၈၅ ဗူး)ႏွင့္ ယူနီေဖာင္းႏွင့္ ဆက္စပ္ပစၥည္းမ်ား ျဖစ္ေၾကာင္း ေတြ႕ရွိရသည္။

ေသာင္းက်န္းသူမ်ားအေနျဖင့္ ေက်းရြာမ်ားႏွင့္ လူထုအား အကာအကြယ္ ရယူ၍ ၎တို႔၏ လက္နက္၊ ခဲယမ္းမ်ားကို မထင္မွတ္သည့္ေနရာမ်ားတြင္ သိုဝွက္ျခင္း၊ ေက်းရြာလူထုအား အကာကြယ္ရယူ၍ တပ္မေတာ္ စစ္ေၾကာင္းမ်ားကို တိုက္ခိုက္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိၿပီး တပ္မေတာ္မွ အပစ္အခတ္ ရပ္စဲစဉ္ကာလအတြင္း ေက်ာက္မဲ၊ သီေပါ၊ နမ့္ဆန္ ၀န္းက်င္တစ္ဝိုက္၌ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက စခန္းမ်ား တိုးခ်ဲ႕တည္ေဆာက္ခဲ့ရာ စုစုေပါင္း ၇၈ ခုရွိခဲ့ၿပီး ယခု အခါ တပ္မေတာ္မွ စခန္းေပါင္း ၄၁ ခုအား တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးေၾကာင္းႏွင့္ ၎ေဒသတဝိုက္အား တပ္မေတာ္မွ နယ္ေျမစိုးမိုးေရးႏွင့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia

[Unicode]
TNLAစစ်ဦးစီးချုပ်၏ဒေသကို တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ လက်နက်ကြီး၊လက်နက်ငယ်များစွာ သိမ်းဆည်းနိုင်
………………………………………………………………..
ရန်ကုန်၊နိုဝင်ဘာ-၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်တုံဒေသတဝိုက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း အချို့သည် TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်၏ ဇာတိဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်၊ ဟူးခင် ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ နှင့် အနီးတဝိုက် နေရာများအား ဟန်ချက်ညီညီ ဝင်ရောက် ရှင်းလင်းခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့ ပစ်ခတ်မှုများ အနည်းငယ်ဖြစ်ပွားခဲ့ပြီး သောင်ကျန်းသူများ ဆုတ်ခွာသွားခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဟိုမိန်းကျေးရွာနှင့် အနီးတဝိုက်အား ဆက်လက်၍ အသေးစိတ်ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းတွင် ၎င်းကျေးရွာ၏ အရှေ့တောင်ဘက်၌TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း သိုဝှက်ထားသည့် နေရာ ၃ နေရာအား ရှာဖွေ ဖော်ထုတ် တွေ့ရှိခဲ့ပြီး ၎င်းနေရာ ၃ ခုအနက် ပထမနေရာမှ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့် အိတ်အကြီး ၇၇ အိတ်တို့အား လည်းကောင်း၊ ဒုတိယနေရာမှ အမ်(၂၂)သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ အမ်(၁၆)သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ(၇) ၁၆ လက်၊ အာရ်ပီဂျီ(၂) ၅ လက်၊ ၁၂ ဗို့ဆလိုက် ၂ လက်တို့အား လည်းကောင်း၊ တတိယနေရာမှ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀ တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀ တောင့်၊ အမ်(၂၂) ကျည် ၁၀၅ တောင့်၊ အမ်(၂၂) ကျည်အိမ် ၁၄၀၀ ခု၊ ယမ်းပျော့ ၂၀ ပုံး၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆၀မမဗုံးသီး ၉၈ လုံး၊ ၆၀မမထိပ်ဖူး ၉၀ လုံး၊ ၄၀မမဗုံးသီး ၁၄၈ လုံး၊ အားမြှင့်ယမ်းဗူး ၈၈၅ ဗူးတို့အား လည်းကောင်း အသီးသီး သိမ်းဆည်းရရှိခဲ့သည်။

ဟိုမိန်းကျေးရွာအနီး နိုဝင်ဘာလ ၂၂ ရက်နေ့၌ ရှာဖွေဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း တွေ့ရှိရသည်။

သောင်းကျန်းသူများအနေဖြင့် ကျေးရွာများနှင့် လူထုအား အကာအကွယ် ရယူ၍ ၎င်းတို့၏ လက်နက်၊ ခဲယမ်းများကို မထင်မှတ်သည့်နေရာများတွင် သိုဝှက်ခြင်း၊ ကျေးရွာလူထုအား အကာကွယ်ရယူ၍ တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ အပစ်အခတ် ရပ်စဲစဉ်ကာလအတွင်း ကျောက်မဲ၊ သီပေါ၊ နမ့်ဆန် ဝန်းကျင်တစ်ဝိုက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူများက စခန်းများ တိုးချဲ့တည်ဆောက်ခဲ့ရာ စုစုပေါင်း ၇၈ ခုရှိခဲ့ပြီး ယခု အခါ တပ်မတော်မှ စခန်းပေါင်း ၄၁ ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးကြောင်းနှင့် ၎င်းဒေသတဝိုက်အား တပ်မတော်မှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia


Share this post