TNLA က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 31, 2023
နေပြည်တော်၊ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ကျေးရွာ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အပြစ်မဲ့ အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံး၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ဆေးရုံနှင့် နယ်မြေခံဆေးတပ်ရင်း များသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေး ရွာနှင့်အနီး ပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia