TNLA ဒုစစ်ဦးစီးချုပ် ရောဂါဖြင့် သေဆုံး
PUBLISHED - February 22, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် ယမန်နေ့ နံနက်ပိုင်းက ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူး ကြီး တားအလှော်(ခ)တားမူစယ်သည် အသက် (၆၄) နှစ်သည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်တွင် တာဝန် ထမ်းဆောင်ရင်း ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ)တားမူစယ်၏ ရုပ်အလောင်းအား ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဇာပနအခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia
(unicode)
TNLA ဒုစဈဦးစီးခြုပျ ရောဂါဖွင့ျ သဆေုံး
………………………………………………
#PeopleMedia