TNLA အဖြဲ႕သည့္ လူဆုိးႀကီးမ်ားမဟုတ္သလုိ လူတကာလုိက္ဖမ္းေနသည့္အဖြဲ႕မဟုတ္သည့္အတြက္ မုိးကုတ္ ေနျပည္သူမ်ား မစိုးရိမ္ၾကရန္ TNLA အဖြဲ႕ေျပာဆုိ

PUBLISHED - December 22, 2020
ရန္ကုန္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
TNLA အဖြဲ႕သည္ လူဆိုးႀကီးမဟုတ္သလို လူတကာကို လိုက္ဖမ္းေနသည့္အဖြဲ႕မဟုတ္သည့္အတြက္ မိုးကုတ္ၿမိဳ႕ေနျပည္သူမ်ား မစိုးရိမ္ၾကရန္ TNLA အဖြဲ႕ ေျပာခြင့္ရ ဗိုလ္မွဴး မုိင္းအုိက္ေက်ာ္က ေျပာဆုိ လုိက္ပါတယ္။
TNLA အဖြဲ႕သည့္ မုိးကုတ္ၿမိဳ႕နယ္ရွိ လုပ္ငန္းရွင္မ်ားအပါအဝင္ ရွမ္းေျမာက္ေဒသရွိ လားရႈိး၊ မူဆယ္၊ ကြတ္ခုိင္ ၿမိဳ႕ေဒသရွိ စက္သုံးဆီအေရာင္းဆုိင္မ်ား၊ ပုဂၢလိက စာသင္ေက်ာင္းမ်ား၊ ဖုန္းဆုိင္မ်ား၊ တည္းခုိခန္းမ်ား အပါအဝင္ အျခားေသာလုပ္ငန္းမ်ားကုိ ႏွစ္စဥ္ဆက္ေၾကးေကာက္ယူေနသည့္အဖြဲ႕အစည္းတစ္ခုျဖစ္တယ္လုိ႔ လုပ္ငန္းရွင္မ်ားက ေျပာဆုိေနၾကပါတယ္။
ထုိ႔အတူ TNLA အဖြဲ႕သည္ ၿပီးခဲ့သည့္ရက္ပုိင္းက မုိးကုတ္ၿမိဳ႕ရွိ အမ်ဳိးသမီးတစ္ဦးကုိ ျပန္ေပးဆြဲ႐ိုက္ႏွက္ၿပီး ဆက္ေၾကးေတာင္းခံျခင္းမ်ားရွိခဲ့သလုိ မုိးကုတ္သူေဌး SP မုန္႔တုိက္ပုိင္ရွင္ကုိ ဆက္ေၾကးမေပး၍ ဖမ္းဆီးထား ပါတယ္။
ထုိကဲ့သုိ႔ TNLA အဖြြဲ႕၏ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈမ်ားႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္ရက္ပုိင္းက မုိ္းကုတ္ေဒသ ခံမ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ားက ဆႏၵျပရန္ စီစဥ္ခဲ့ေသာ္လည္း တုိင္းအစုိးရက ခြင့္ျပဳေပးျခင္း မရွိခဲ့ပါဘူး။ အလားတူ TNLA အဖြဲ႕သည္ ျပည္သူအခ်ဳိ႕ကုိ ပစ္မွတ္ထား၍ ဆက္ေၾကးေကာက္ ဖမ္းဆီးေနမႈမ်ားႏွင့္ ပတ္ သက္ၿပီး People Media က TNLA ေျပာခြင့္ရ ဗုိလ္မွဴးမုိင္းအုိက္ေက်ာ္ကုိ ဆက္သြယ္ေမးျမန္းရာ “မိုးကုတ္မွာ ျပည္သူတစ္ခ်ိဳ႕ ဆႏၵေဖာ္ထုတ္တာနဲ႔ပက္သက္ၿပီးေတာ့ ဘာမွေျပာစရာမရွိပါဘူး၊ ကြၽန္ေတာ္တို႔လည္း အဲ့ေလာက္ လူဆိုးႀကီးမဟုတ္ပါဘူး၊ လူတကာဖမ္းေနတာလည္း မဟုတ္ပါဘူး၊ အဲ့ေလာက္ စိုးရိမ္စရာ မရွိပါဘူး”လုိ႔ ေျပာပါတယ္။
ထုိ႔အတူ TNLA အဖြဲ႕က ဖမ္းဆီးထားသည့္ SP မုန္႔တုိက္ပုိင္ရွင္ ဦးေက်ာ္ဝင္းကုိ လက္တေလာ၌ စစ္ေဆးေနဆဲ ျဖစ္၍ မည္သည့္အခ်ိန္၌ ျပန္လႊတ္မည္ကုိ သက္ဆုိင္ရာဌာန၏ အစီရင္ခံစာရရွိမွသာ သိရွိႏုိင္မယ္လုိ႔ ဗုိလ္မွဴးမုိင္း အုိက္ေက်ာ္က ေျပာဆုိပါတယ္။
အလားတူ TNLA အဖြဲ႕အေနျဖင့္ ၎တုိ႔ ဖမ္းဆီးခဲ့သူမ်ားသည္ အသက္အႏၱရာယ္စိုးရိမ္ဖြယ္မရွိဘဲ သတ္မွတ္ ခ်က္အတုိင္း ေမးျမန္းၿပီးပါက ျပန္လႊတ္ေပးတယ္လုိ႔ ၎က ဆက္လက္ေျပာဆုိပါတယ္။
Photo – Credit
#PeopleMedia #TNLA #Peace #ဆက္ေၾကး #မုိးကုတ္ၿမိဳ႕
(unicode)
TNLA အဖွဲ့သည့် လူဆိုးကြီးများမဟုတ်သလို လူတကာလိုက်ဖမ်းနေသည့်အဖွဲ့မဟုတ်သည့်အတွက် မိုးကုတ် နေပြည်သူများ မစိုးရိမ်ကြရန် TNLA အဖွဲ့ပြောဆို
…………………………………………………….
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
TNLA အဖွဲ့သည် လူဆိုးကြီးမဟုတ်သလို လူတကာကို လိုက်ဖမ်းနေသည့်အဖွဲ့မဟုတ်သည့်အတွက် မိုးကုတ်မြို့နေပြည်သူများ မစိုးရိမ်ကြရန် TNLA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆို လိုက်ပါတယ်။
TNLA အဖွဲ့သည့် မိုးကုတ်မြို့နယ်ရှိ လုပ်ငန်းရှင်များအပါအဝင် ရှမ်းမြောက်ဒေသရှိ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင် မြို့ဒေသရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဖုန်းဆိုင်များ၊ တည်းခိုခန်းများ အပါအဝင် အခြားသောလုပ်ငန်းများကို နှစ်စဉ်ဆက်ကြေးကောက်ယူနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ လုပ်ငန်းရှင်များက ပြောဆိုနေကြပါတယ်။
ထို့အတူ TNLA အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက မိုးကုတ်မြို့ရှိ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲရိုက်နှက်ပြီး ဆက်ကြေးတောင်းခံခြင်းများရှိခဲ့သလို မိုးကုတ်သူဌေး SP မုန့်တိုက်ပိုင်ရှင်ကို ဆက်ကြေးမပေး၍ ဖမ်းဆီးထား ပါတယ်။
ထိုကဲ့သို့ TNLA အဖွွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက မို်းကုတ်ဒေသ ခံများ၊ လူမှုရေးအဖွဲ့အစည်းများက ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း တိုင်းအစိုးရက ခွင့်ပြုပေးခြင်း မရှိခဲ့ပါဘူး။ အလားတူ TNLA အဖွဲ့သည် ပြည်သူအချို့ကို ပစ်မှတ်ထား၍ ဆက်ကြေးကောက် ဖမ်းဆီးနေမှုများနှင့် ပတ် သက်ပြီး People Media က TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ “မိုးကုတ်မှာ ပြည်သူတစ်ချို့ ဆန္ဒဖော်ထုတ်တာနဲ့ပက်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး၊ ကျွန်တော်တို့လည်း အဲ့လောက် လူဆိုးကြီးမဟုတ်ပါဘူး၊ လူတကာဖမ်းနေတာလည်း မဟုတ်ပါဘူး၊ အဲ့လောက် စိုးရိမ်စရာ မရှိပါဘူး”လို့ ပြောပါတယ်။
ထို့အတူ TNLA အဖွဲ့က ဖမ်းဆီးထားသည့် SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို လက်တလော၌ စစ်ဆေးနေဆဲ ဖြစ်၍ မည်သည့်အချိန်၌ ပြန်လွှတ်မည်ကို သက်ဆိုင်ရာဌာန၏ အစီရင်ခံစာရရှိမှသာ သိရှိနိုင်မယ်လို့ ဗိုလ်မှူးမိုင်း အိုက်ကျော်က ပြောဆိုပါတယ်။
အလားတူ TNLA အဖွဲ့အနေဖြင့် ၎င်းတို့ ဖမ်းဆီးခဲ့သူများသည် အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိဘဲ သတ်မှတ် ချက်အတိုင်း မေးမြန်းပြီးပါက ပြန်လွှတ်ပေးတယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။
Photo – Credit
#PeopleMedia #TNLA #Peace #ဆက်ကြေး #မိုးကုတ်မြို့