• Follow Us on

Home TNLA အဖွဲ့က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ်အရွယ်ကလေး ငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

TNLA အဖွဲ့က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ်အရွယ်ကလေး ငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်‌နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာ၏ အနောက် တောင်ဘက်မီတာ ၁၇၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အပြစ်မဲ့အရပ်သား ဒေသခံပြည်သူများ နေထိုင် လျက်ရှိသည့် ကျေးရွာအတွင်းသို့ ထိခိုက်ပျက်စီးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်လာခဲ့ကြောင်းနှင့် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ၁၁ နှစ်အရွယ်အပြစ်မဲ့ အရပ်သားကလေးငယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

TNLA အဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့အရပ်သားကလေးငယ် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်ဖတ်ကာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post