TNLA အဖွဲ့က နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ
PUBLISHED - September 2, 2023
နေပြည်တော်၊ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ဇီးဒဘန်ကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာအုပ်စု၏ အနောက် မြောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာလမ်း အတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ၎င်းတို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စု အတွင်းရှိ ဇီးဒဘန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံ ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံ ယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်နှင့် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#PeopleMedia