• Follow Us on
Latest News

Home TNLA အၾကမ္းဖက္ေသာင္းက်န္းသူတစ္ဦးမွ ေက်ာင္းဆရာမတစ္ဦးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္သတ္ ျဖတ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

TNLA အၾကမ္းဖက္ေသာင္းက်န္းသူတစ္ဦးမွ ေက်ာင္းဆရာမတစ္ဦးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္သတ္ ျဖတ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၂၇

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ သီေပါၿမိဳ႕နယ္၊ အင္မိန္းဟုိက်န္႔ေက်းရြာအုပ္စု၊ ေဟြခုတ္ေက်းရြာရွိ အေျခခံပညာ မူလတန္းေက်ာင္း(ဆမ္၀မ္)မွ ေက်ာင္းဆရာမတစ္ဦး အဆုိပါေက်ာင္းရွိ ၀န္ထမ္းအိမ္ရာ၌ ဇန္န၀ါရီ ၂၄ ရက္တြင္ ေသဆံုးခဲ့သည္။

ျဖစ္စဥ္မွာ ေဟြခုတ္ေက်းရြာရွိ အေျခခံပညာမူလတန္းေက်ာင္း(ဆမ္၀မ္)မွ ဆရာမျဖစ္သူ ေဒၚျမေမႊးေအာင္(ဘ) ဦးယိုင္က်ိန္၊ နမ့္ဖက္ကာေက်းရြာ၊ ကြတ္ခုိင္ၿမိဳ႕နယ္ေနသူသည္ အဆုိပါေက်ာင္း၀င္း၀န္ထမ္းအိမ္ရာ၌ ရွိေနစဥ္ ဇန္န၀ါရီ ၂၄ ရက္ ည ၇ နာရီခန္႔တြင္ TNLA အၾကမ္းဖက္ေသာင္းက်န္းသူတစ္ဦးမွ လက္နက္ငယ္ျဖင့္ လာ ေရာက္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေက်းရြာမွ တာ၀န္ရွိသူတစ္ဦးက ေျပာဆုိေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

အဆုိပါေသဆံုးသူ၏ ႐ုပ္အေလာင္းအား ကြတ္ခုိင္ၿမိဳ႕၊ ဂ႐ုဏာလူမႈကူညီေရးအသင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ ကြတ္ခုိင္ ျပည္သူ႔ေဆး႐ံုသို႔ ပုိ႔ေဆာင္ခဲ့ေၾကာင္းႏွင့္ ကြတ္ခုိင္ၿမိဳ႕မရဲစခန္း၌ တရားဥပေဒအရ ေဆာင္ရြက္ လ်က္ရွိေၾကာင္း တပ္မေတာ္ကဆုိသည္။

Photo – Credit

#PeopleMedia #TNLA

(Unicode)
TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးမှ ကျောင်းဆရာမတစ်ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ် ဖြတ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်
……………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ ဟွေခုတ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း(ဆမ်ဝမ်)မှ ကျောင်းဆရာမတစ်ဦး အဆိုပါကျောင်းရှိ ဝန်ထမ်းအိမ်ရာ၌ ဇန်နဝါရီ ၂၄ ရက်တွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ဟွေခုတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(ဆမ်ဝမ်)မှ ဆရာမဖြစ်သူ ဒေါ်မြမွှေးအောင်(ဘ) ဦးယိုင်ကျိန်၊ နမ့်ဖက်ကာကျေးရွာ၊ ကွတ်ခိုင်မြို့နယ်နေသူသည် အဆိုပါကျောင်းဝင်းဝန်ထမ်းအိမ်ရာ၌ ရှိနေစဉ် ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးမှ လက်နက်ငယ်ဖြင့် လာ ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါသေဆုံးသူ၏ ရုပ်အလောင်းအား ကွတ်ခိုင်မြို့၊ ဂရုဏာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ကွတ်ခိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ကွတ်ခိုင်မြို့မရဲစခန်း၌ တရားဥပဒေအရ ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကဆိုသည်။

Photo – Credit

#PeopleMedia #TNLA


Share this post