• Follow Us on

Home TROPHY တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်ကို ဂျာမနီ LEOPARD ပင်မတိုက်ပွဲဝင်တင့်ကားနှင့် အောင် မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အစ္စရေးနှင့် ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန ပူးတွဲကြေညာခဲ့

TROPHY တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်ကို ဂျာမနီ LEOPARD ပင်မတိုက်ပွဲဝင်တင့်ကားနှင့် အောင် မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အစ္စရေးနှင့် ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန ပူးတွဲကြေညာခဲ့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉ (People Media)

 

ဂျာမနီလက်နက်ဝယ်ယူရေးအဖွဲ့သည် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အစ္စရေး Rafael ကုမ္ပဏီနှင့် ဂျာမနီ KMW ကုမ္ပဏီတို့ထောက်ပံ့မှုဖြင့် Leopard 2 ပင်မတိုက်ပွဲ ဝင်တင့်ကား၏ TROPHY (တင့် ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်) လက်နက်ကို လွန်ခဲ့သည့်သီတင်းပတ်က ကျည်စစ်ကျည်မှန်များဖြင့် စမ်း သပ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

 

“TROPHY APS (တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်) ဟာ ထက်မြက်လှတဲ့စွမ်းရည်တွေကို နောက်ထပ် တစ်ကြိမ်ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဖက် KMW ကုမ္ပဏီနဲ့ အောင်မြင်တဲ့ပူးပေါင်း ဆောင်ရွက်မှုကို ထပ်မံတိုးချဲ့ဖို့ မျှော်လင့်စောင့်စားနေပါတယ်။ ဒီအောင်မြင်မှုဟာ တင့်ဖျက်ရန်ကာကွယ်ရေး လက်နက်ဈေးကွက်မှာလည်း အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု  Rafael ကုမ္ပဏီမှ မြေပြင်နှင့် ရေပြင် ဌာနခွဲမှ အထွေထွေမန်နေဂျာနှင့် အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ရန်ဂိုဇာလီ ကပြောသည်။

 

“Rafael ကုမ္ပဏီက ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ဖောက်သည်တွေရဲ့ အောင်မြင်မှုအတွက် စိတ်ရော ကိုယ်ပါနှစ် မြှုပ်ပြီးအလုပ်လုပ်နေပါတယ်။ TROPHY (တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်) နဲ့ ပတ်သက် လို့ ဘယ်လိုအဖွဲ့အစည်းနဲ့ဖြစ်စေ ဘယ်နေရာမှာဖြစ်စေ ပေါင်းစည်းလုပ်ကိုင်သွားဖို့ အသင့်ရှိနေပါတယ်။” ဟု ၎င်းကပြောသည်။

 

တင့်/သံချပ်ကာတိုက်ခိုက်ရေးလက်နက်များကို တုံ့ပြန်ရန်အတွက် Rafael ကုမ္ပဏီက ထုတ်လုပ်ထားသော TROPHY APS (တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်) သည် ရော့ကက်များ၊ ဒုံးကျည်များ၏ ခြိမ်းခြောက်မှု ကို ကာကွယ်နိုင်သည့်အပြင် တပြိုင်တည်းမှာ တင့်/သံချပ်ကာကိုတိုက်ခိုက်နေသည့် ရန်သူ့တပ်တည်ကိုလည်း ချက်ချင်းရှာဖွေနိုင်စွမ်းရှိကြောင်းသိရသည်။

 

Active Protection System (APS) နှင့် ပေါင်းစပ်ထားသည့် TROPHY (တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စ နစ်) ကို အစ္စရေးတပ်မတော်၏ Merkava ပင်မတိုက်ပွဲဝင်တင့်ကားများတွင် ၂၀၁၀ ခုနှစ်ကတည်းက တပ်ဆင် ထားပြီးသားဖြစ်ပြီး Namer သံချပ်ကာယာဉ်များတွင်လည်း တပ်ဆင်ထားပြီးသားဖြစ်သည်။

 

TROPHY (တင့်ဖျက်ရန်ကာကွယ်ရေးလက်နက်စနစ်) ကို အမေရိကန်ကြည်းတပ်မှ Abrams MBT ပင်မတိုက်ပွဲ ဝင်တင့်ကားတပ်မ လေးခုအတွက် ပေးပို့ထားပြီးဖြစ်သလို လက်ရှိအချိန်တွင် ဂျာမနီ Leopard 2 ပင်မတိုက်ပွဲ ဝင်တင့်ကားများတွင် တပ်ဆင်ပြီး အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ပြီးဖြစ်သည်။

 

Ref: Israel & German MOD Announce Successful Live Fire Test of Rafael’s TROPHY System on German LEOPARD Tank

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

Ref: Israel & German MOD Announce Successful Live Fire Test of Rafael’s TROPHY System on German LEOPARD Tank

 

#PeopleMedia


Share this post