• Follow Us on

Home UAB ဘဏ္(မႏၲေလး) ကို ေသနတ္ျပၿခိမ္းေျခာက္ေငြေတာင္းခံသူမွာ လြတ္ေျမာက္ေနဆဲျဖစ္ၿပီး လုယက္မႈျဖင့္ အမႈဖြင့္ထား

UAB ဘဏ္(မႏၲေလး) ကို ေသနတ္ျပၿခိမ္းေျခာက္ေငြေတာင္းခံသူမွာ လြတ္ေျမာက္ေနဆဲျဖစ္ၿပီး လုယက္မႈျဖင့္ အမႈဖြင့္ထား

Share this post

မႏၲေလး၊ ေအာက္တိုဘာ ၁၆

မႏၲေလးၿမိဳ႕၊ United Amara Bank (ယူႏိုက္တက္ အမရာဘဏ္) ေငြစာရင္း ေကာင္တာရွိ ဘဏ္ဝန္ထမ္းမ်ားကို ေသနတ္ျပ ၿခိမ္းေျခာက္၍ ေငြေတာင္းခံခဲ့သူသည္ လြတ္ေျမာက္ေနဆဲျဖစ္ၿပီး ၄င္းကို ပုဒ္မ ၃၉၂ ျဖင့္ စက္မႈနယ္ေျမ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ မႏၲေလးၿမိဳ၊ ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္ အတြင္းရွိ ၆၂ လမ္း ႏွင့္ ၁၃၁ လမ္းေထာင့္ ရွိ ယူႏိုက္တက္ အမရာဘဏ္၌ ေအာက္တိုဘာလ ၁၅ ညေန ၄ နာရီ (ခန႔္) တြင္ ဆိုင္ကယ္ဦးထုတ္ေဆာင္းထားေသာ အမ်ိဳးသား တစ္ဦးသည္ ဘဏ္ဝန္ထမ္းမ်ားကို ေသနတ္ျပ ၿခိမ္းေျခာက္၍ ေငြေတာင္းခံမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး ဘဏ္မွ ရရွိေသာ ေငြက်ပ္ သိန္းႏွစ္ရာ ကို ရယူကာ အျဖဴေရာင္မတ္တူးကားျဖင့္ ထြက္ေျပးခဲ့ျခင္းျဖစ္သည္။

UAB ဘဏ္အမႈတြင္ ေသနတ္ျပၿခိမ္းေျခာက္ ေငြေတာင္းခံသူသည္ ၄င္းကိုယ္တိုင္ေမာင္းႏွင္ ထြက္ေျပးသြားခဲ့သည့္ ကားနံပါတ္ (4D- —–) မတ္တူး အျဖဴေရာင္ ကို နံပါတ္ေျပာင္းလဲတပ္ဆင္၍ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၉ (A) လမ္း ႏွင့္ ၁၁၄ လမ္း ႏွင့္ ၁၁၅ လမ္း ၾကားတြင္ ဓါတ္ဆီေလာင္း မီးရႈိ႕၍ ထြက္ေျပးသြားခဲ့ေၾကာင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ရဲမွဴးေနမ်ိဳးေအာင္မွ ေျပာသည္။

UAB ဘဏ္၏ CCTV မွတ္တမ္းမ်ား အရ ေသနတ္ျပၿခိမ္းေျခာက္ ေငြေတာင္းခံသူသည္ တစ္ဦးတည္းသားျဖစ္ၿပီး ၎သည္ မွန္ကာဗာအနက္ေရာင္ ဆိုင္ကယ္စီး ဦးထုပ္ ကို ေဆာင္းထားကာ အက်ႌအျဖဴ၊ ေဘာင္းဘီ နတ္ျပာေရာင္အရွည္ကို ဝတ္ဆင္ထားေၾကာင္း၊ ဆက္လက္စံုစမ္းေဖာ္ထုတ္လ်က္ရွိတုယ္လို႔လည္း ၎မွေျပာသည္။

ရဲတပ္ဖြဲ႕ မွတ္တမ္းမ်ား အရ ၿခိမ္းေျခာက္ေငြေတာင္းခံသူေမာင္းႏွင္ထြက္ေျပးခဲ့သည့္ ကားေပၚ ၌ ကားနံပါတ္ျပား ႏွစ္ခု၊ အနတ္ေရာင္ ခါးပတ္ တစ္ခု၊ အနတ္ေရာင္ခါးခ်ိတ္အိတ္ တစ္လုံး၊ နတ္ျပာေရာင္ စတိုင္ပင္ ေဘာင္ဘီ တစ္ထည္၊ နတ္ျပာေရာင္ အက်ႌတစ္ထည္၊ ေျပာက္က်ား ဦးထုပ္တစ္လုံး၊ ၾကယ္အနီပါ ဦးထုပ္တစ္လုံး၊ ျဖဴျပာေရာင္ ေျခနင္းဖိနပ္တစ္စုံ၊ အနက္ေရာင္ မွန္ကာဗာပါ ဆိုင္ကယ္ ဦးထုတ္တစ္လုံး ၊ မတ္စ္အနီ တစ္ခု၊ ထီးအ႐ိုးရွည္ တစ္ေခ်ာင္း ၊ ဓာတ္ဆီနံ႔ထြက္ ေရသန႔္ဘူး တစ္ဘူး၊ ျဖဴနီေရာင္ ပလပ္စတစ္ျခင္းႀကီးတစ္လုံး၊ အစိမ္းေရာင္ တစ္လက္မ တိတ္တစ္ေခြ၊ ၁၀ ဂြ တစ္ေခ်ာင္း၊ ေက်ာက္လွည့္ႏွစ္ေခ်ာင္း ႏွင့္ စတီးေရာင္ ေဘာစိ အေသး အလုံး ၅၀၀ ႏွင့္ စကၠဴတိတ္ေခြ တစ္ေခြ ေတြ႕ရွိရသည္။

ေနေသာ္(မန္း)

#PeopleMedia #UAB Bank #မႏၲေလး

(unicode)
UAB ဘဏ်(မန္တလေး) ကို သေနတ်ပြခြိမ်းခြောက်ငွေတောင်းခံသူမှာ လွတ်မြောက်နေဆဲဖြစ်ပြီး လုယက်မှုဖြင့် အမှုဖွင့်ထား
………………………………………………………

မန္တလေး၊ အောက်တိုဘာ ၁၆

မန္တလေးမြို့၊ United Amara Bank (ယူနိုက်တက် အမရာဘဏ်) ငွေစာရင်း ကောင်တာရှိ ဘဏ်ဝန်ထမ်းများကို သေနတ်ပြ ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့သူသည် လွတ်မြောက်နေဆဲဖြစ်ပြီး ၄င်းကို ပုဒ်မ ၃၉၂ ဖြင့် စက်မှုနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို၊ ပြည်ကြီးတံခွန် မြို့နယ် အတွင်းရှိ ၆၂ လမ်း နှင့် ၁၃၁ လမ်းထောင့် ရှိ ယူနိုက်တက် အမရာဘဏ်၌ အောက်တိုဘာလ ၁၅ ညနေ ၄ နာရီ (ခန့်) တွင် ဆိုင်ကယ်ဦးထုတ်ဆောင်းထားသော အမျိုးသား တစ်ဦးသည် ဘဏ်ဝန်ထမ်းများကို သေနတ်ပြ ခြိမ်းခြောက်၍ ငွေတောင်းခံမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဘဏ်မှ ရရှိသော ငွေကျပ် သိန်းနှစ်ရာ ကို ရယူကာ အဖြူရောင်မတ်တူးကားဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

UAB ဘဏ်အမှုတွင် သေနတ်ပြခြိမ်းခြောက် ငွေတောင်းခံသူသည် ၄င်းကိုယ်တိုင်မောင်းနှင် ထွက်ပြေးသွားခဲ့သည့် ကားနံပါတ် (4D- —–) မတ်တူး အဖြူရောင် ကို နံပါတ်ပြောင်းလဲတပ်ဆင်၍ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၉ (A) လမ်း နှင့် ၁၁၄ လမ်း နှင့် ၁၁၅ လမ်း ကြားတွင် ဓါတ်ဆီလောင်း မီးရှို့၍ ထွက်ပြေးသွားခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊ ရဲမှူးနေမျိုးအောင်မှ ပြောသည်။

UAB ဘဏ်၏ CCTV မှတ်တမ်းများ အရ သေနတ်ပြခြိမ်းခြောက် ငွေတောင်းခံသူသည် တစ်ဦးတည်းသားဖြစ်ပြီး ၎င်းသည် မှန်ကာဗာအနက်ရောင် ဆိုင်ကယ်စီး ဦးထုပ် ကို ဆောင်းထားကာ အကျႌအဖြူ၊ ဘောင်းဘီ နတ်ပြာရောင်အရှည်ကို ဝတ်ဆင်ထားကြောင်း၊ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိတုယ်လို့လည်း ၎င်းမှပြောသည်။

ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ ခြိမ်းခြောက်ငွေတောင်းခံသူမောင်းနှင်ထွက်ပြေးခဲ့သည့် ကားပေါ် ၌ ကားနံပါတ်ပြား နှစ်ခု၊ အနတ်ရောင် ခါးပတ် တစ်ခု၊ အနတ်ရောင်ခါးချိတ်အိတ် တစ်လုံး၊ နတ်ပြာရောင် စတိုင်ပင် ဘောင်ဘီ တစ်ထည်၊ နတ်ပြာရောင် အကျႌတစ်ထည်၊ ပြောက်ကျား ဦးထုပ်တစ်လုံး၊ ကြယ်အနီပါ ဦးထုပ်တစ်လုံး၊ ဖြူပြာရောင် ခြေနင်းဖိနပ်တစ်စုံ၊ အနက်ရောင် မှန်ကာဗာပါ ဆိုင်ကယ် ဦးထုတ်တစ်လုံး ၊ မတ်စ်အနီ တစ်ခု၊ ထီးအရိုးရှည် တစ်ချောင်း ၊ ဓာတ်ဆီနံ့ထွက် ရေသန့်ဘူး တစ်ဘူး၊ ဖြူနီရောင် ပလပ်စတစ်ခြင်းကြီးတစ်လုံး၊ အစိမ်းရောင် တစ်လက်မ တိတ်တစ်ခွေ၊ ၁၀ ဂွ တစ်ချောင်း၊ ကျောက်လှည့်နှစ်ချောင်း နှင့် စတီးရောင် ဘောစိ အသေး အလုံး ၅၀၀ နှင့် စက္ကူတိတ်ခွေ တစ်ခွေ တွေ့ရှိရသည်။

နေသော်(မန်း)

#PeopleMedia #UAB Bank #မန္တလေး


Share this post