• Follow Us on
Latest News

Home UAE စစ်တပ်အတွက် မောင်းသူမဲ့လေယာဉ်အစင်း ၁၀၀ EDGE ကုမ္ပဏီထံကမှာယူ

UAE စစ်တပ်အတွက် မောင်းသူမဲ့လေယာဉ်အစင်း ၁၀၀ EDGE ကုမ္ပဏီထံကမှာယူ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄

 

UAE နိုင်ငံဟာ ၎င်းတို့စစ်တပ်အတွက် မောင်းသူမဲ့လေယာဉ်အစင်း ၁၀၀ ကို EDGE စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီက မှာယူလိုက်ပါတယ်။

 

အခုသဘောတူညီချက်ကို မကြာသေးခင်က ကျင်းပခဲ့တဲ့ ဒူဘိုင်းလေကြောင်းပြပွဲမှာ ကြေညာခဲ့တာဖြစ်ပြီး EDGE ကုမ္ပဏီရဲ့ EDGE REACH-S UAV ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို ADASI ကုမ္ပဏီက ကြီးကြပ်သွားမှာဖြစ် ကြောင်းလည်း အဲဒီလေကြောင်းပြပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

UAE နိုင်ငံရဲ့ နယ်စပ်ဒေသလုံခြုံရေးနဲ့ တာဝေးစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာအထောက်ကူဖြစ်စေဖို့ အ တွက် ၂၄ နာရီ ထောက်လှမ်းရေးတာဝန်၊ စောင့်ကြည့်ထောက်လှမ်းတာဝန်၊ ကင်းထောက်တာဝန်တွေထမ်း ဆောင်ဖို့ EDGE ကုမ္ပဏီထုတ် REACH-S ဒရုန်းတွေက ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

 

အခု ဒရုန်းတွေဝယ်ယူမယ့် အမှာစာသဘောတူညီချက်ဟာ UAE နိုင်ငံနဲ့ EDGE ကုမ္ပဏီကြားမှာ ပထမဦးဆုံး သဘောတူညီချက်တစ်ရပ်ဖြစ်ပါတယ်။ EDGE ကုမ္ပဏီအုပ်စုထဲမှာပါဝင်တဲ့ Advanced Concepts ကုမ္ပဏီဟာ လက်ရှိအချိန်မှာ fixed-wing ဒရုန်းတွေ ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်နေပါတယ်။

 

REACH-S ဒရုန်းတွေဟာ ကီလိုဂရမ် ၆၀၀ (ပေါင် ၁၃၀၀) အလေးချိန်နဲ့ ပျံတက်နိုင်ပြီး အလေးချိန် ၁၂၀ ကီလိုဂ ရမ် (၂၆၅ ပေါင်) ကို သယ်ဆောင်နိုင်ပါတယ်။

 

REACH-S ဒရုန်းတွေဟာ အမြင့်ပေ ၁၉၀၀၀ ကနေ ပျံသန်းနိုင်ပြီး အမြင့်ဆုံး တစ်နာရီကို ရေမိုင် ၈၀ (၉၂ မိုင် ဝန်းကျင်) ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ REACH-S ဒရုန်းရဲ့ အရှည်ဟာ ၅.၅ မီတာ (၁၈ ပေ) ရှိပြီး တောင်ပံနှစ်ဖက်ထိပ်အကွာအဝေးက ၁၂ မီတာ (၃၉ ပေ) ရှည်လျားပါတယ်။

 

REACH-S ဒရုန်းဟာ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အကွာအဝေးအထိ ကင်းထောက်ပျံသန်းနိုင်ပြီး တစ်ကြိမ်ပျံ သန်းရင် ၂၄ နာရီအထိ ပျံသန်းနိုင်ပါတယ်။

 

မောင်းသူမဲ့လေယာဉ်တီထွင်ထုတ်လုပ်မှုနယ်ပယ်မှာ အဖွဲ့လိုက်ညီညွတ်စွာပေါင်းစည်းဆောင်ရွက်မှုရဲ့ တိုးတက် မှုကတစ်ဆင့် REACH-S ဒရုန်းရဲ့ အောင်မြင်မှုထွက်ပေါ်လာတာဖြစ်ကြောင်း Advanced Concepts ကုမ္ပဏီရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဆိုင်အီအယ်လ်မန်ဆိုရီက ပြောပါတယ်။

 

Ref: UAE Orders 100 Surveillance Drones From EDGE

 

#PeopleMedia


Share this post