• Follow Us on

Home UAE နိုင်ငံ ဝေဟင်ပိုက်နက်ကို ကာကွယ်ရေးအတွက် ပြင်သစ်နိုင်ငံက ကူညီမည်

UAE နိုင်ငံ ဝေဟင်ပိုက်နက်ကို ကာကွယ်ရေးအတွက် ပြင်သစ်နိုင်ငံက ကူညီမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇ (People Media)

 

ယီမင်နိုင်ငံမှ သူပုန်များက UAE (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက် ခိုက်ခဲ့ပြီးနောက် UAE နိုင်ငံ ဝေဟင်ပိုင်နက်လုံခြုံရေးအတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ က ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောကြားလိုက်သည်။

 

အီရန်နိုင်ငံကထောက်ပံ့ထားသည့်ယီမင်နိုင်ငံမှဟူသီသူပုန်များက ဇန်နဝါရီလ ၁၇ ရက်နေ့မှစ၍ ဒရုန်း/ ဒုံးကျည် များဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက် (ဗုဒ္ဓဟူး) နေ့တွင် တိုက်ခိုက်ခိုက်ခဲ့သော ဒရုန်း သုံးစင်းကို UAE နိုင်ငံက ကြားဖြတ်ပစ်ချခဲ့ကြောင်း ကြေညာခဲ့သည်။

 

UAE နိုင်ငံ၏ မဟာမိတ် အမေရိကန်ပြည်ထောင်စုက မတည်ငြိမ်သောဒေသတွင် အရှေ့အလယ်ပိုင်း၏ ဘဏ္ဍာ ရေးဗဟိုချက်မနှင့် အပန်းဖြေအနားယူရန် ကွန်းခိုရာဌာနဖြစ်သော UAE နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် စစ် သင်္ဘောတစ်စီးနှင့် တိုက်လေယာဉ်များ စေလွှတ်ပြီး တပ်ဖြန့်ချထားပေးခဲ့သည်။

 

UAE နိုင်ငံသည် ဇန်နဝါရီလမှစ၍ ၎င်းတို့ပိုင်နက်မြေပေါ်တွင် ပြင်းထန်သောတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလီက ဖေဖော်ဝါရီလ ၄ ရက်နေ့ကပြောသည်။

 

“ကျွန်မတို့မိတ်ဆွေနိုင်ငံနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသရာမှာ ဘယ်လိုကျူး ကျော်ရန်စမှုမျိုးကိုမဆို တုံ့ပြန်ကာကွယ်သွားနိုင်ဖို့အတွက် ပြင်သစ်နိုင်ငံကနေ စစ်ရေးအကူအညီတွေထောက်ပံ့ ပေးအပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။” ဟု ၎င်းက တွစ်တာတွင်ရေးသားခဲ့သည်။

 

ပြင်သစ်နိုင်ငံအနေဖြင့် အဘူဒါဘီတွင်ရှိသော ပြင်သစ်အခြေစိုက်လေတပ်စခန်းတွင် တပ်ဖြန့်ချထားသော ရာ ဖေးဂျက်တိုက်လေယာဉ်များကို အသုံးပြ၍ UAE နိုင်ငံအတွက် ဝေဟင်စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်း ကိုလည်း ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ပြင်သစ်နိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ပြီး UAE ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်မှု အကြီးအကဲ ဗိုလ်မှူးချုပ် ဆာလက်အယ်လ်အေ မီရီ၏ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ခရီးစဉ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ကြောင်း UAE ကာကွယ် ရေးဝန်ကြီးဌာနက ပြောသည်။

 

UAE နိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ပြင်သစ်နိုင်ငံနှင့် ကာကွယ်ရေးသဘောတူညီချက်ဆိုင်ရာ သဘောတူစာချုပ်များ အဆင့်ဆင့်လက်မှတ်ရေးထိုးခဲ့ရာ ၂၀၀၈ ခုနှစ် သဘောတူစာချုပ်အရ အယ်လ်ဒါဖရာ စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းရှိသော ပင်လယ်ကွေ့တွင် ပြင်သစ်နိုင်ငံ၏ ပထမဦးဆုံး စစ်အခြစိုက်စခန်းကို တည် ဆောက်ရန် ခွင့်ပြုခဲ့သည်။

 

UAE နိုင်ငံ၌ လက်ရှိအချိန်တွင် ပြင်သစ်တပ်ဖွဲ့ဝင် ၆၅၀ ဝန်းကျင် ရှိနေကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာ နအရာရှိတစ်ဦးကပြောသည်။

 

Ref: France to Help UAE Secure Airspace From Yemen Attacks

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: France to Help UAE Secure Airspace From Yemen Attacks

 

#PeopleMedia


Share this post