• Follow Us on

Home UDF အဖွဲ့မှ ရန်ကုန်ဒေါင်းတောင်းမြို့နယ်အတွင်းရှိ ဒလန်ဆိုသူများကို ခြိမ်းခြောက်စာ ထုတ်

UDF အဖွဲ့မှ ရန်ကုန်ဒေါင်းတောင်းမြို့နယ်အတွင်းရှိ ဒလန်ဆိုသူများကို ခြိမ်းခြောက်စာ ထုတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

United Democratic Force (UDF) အဖွဲ့မှ ရန်ကုန်မြို့ဒေါင်းတောင်း (၆) မြို့နယ်ရှိ ဒလန်ဆိုသူတွေကို ခြိမ်းခြောက်စာကို ယနေ့ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်နဲ့ ပုဇွန် တောင်မြို့နယ်တို့မှာ နေထိုင်တဲ့ ဒလန်ဆိုသူတွေကို ရည်ညွန်းထားတာ ဖြစ်ကြပါတယ်။

 

“ငါတို့ရဲဘော်တွေရဲ့ မိဘတွေ ငိုကြွေးသံက မင်းတို့အတွက် ကျည်ဆံဖြစ်စေရမယ်။ ဒလန်တွေ လွတ်အောင် ပြေးထား မင်းတို့ကို စိတ်ခေါ်တယ်” လို့ UDF အဖွဲ့မှ ရေးသားထားပါတယ်။

 

ဆက်လက်ပြီး UDF အဖွဲ့မှ မင်းတို့ မိသားစုတွေ အကုန်လုံးရဲ့ စာရင်းတွေ ငါတို့ဆီမှာ ရှိပြီး၊ ကျုပင်ခုတ် ကျုငုတ်မကျန်အောင် လုပ်ပြမယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

 

ဖေဖော်ဝါရီလနောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ PDF အဖွဲ့တွေက လုပ်ကြံမှုတွေကြောင့် အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်ဆိုသူတဲ့ ပြည်သူလူထု ရာနှင့်ချီသေဆုံးခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post