• Follow Us on

Home UEC က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ၊မရှိ စစ်ဆေး

UEC က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ၊မရှိ စစ်ဆေး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ၏ ပါတီလုပ်ငန်း များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိခြင်း ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင်ကျော်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင်အင်အား ပြည့်မီအောင် စည်းရုံး ထားရှိရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများ သတ်မှတ် အရေအတွက်အတိုင်း ဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်များနှင့် အညီ ရေးဆွဲဆောင်ရွက်ထားရှိရေး၊ ပါတီအလံနှင့် ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားကြ ရန်နှင့် စည်းရုံးရေးကာလအတွင်း ပြည်သူများအနှောင့်အယှက်မဖြစ်စေရေး၊ သတိပြုအလေးထား ဆောင်ရွက် သွားကြရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်း ပိုမိုရရှိ လာနိုင်သည် ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားကြရန်၊ ရွေး ကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ရှင်းလင်း ပြောကြားခဲ့သည်။

 

၎င်းနောက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီဥက္ကဋ္ဌ ဒေါ်တင်တင်မာမှ ပါတီလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု အခြေအနေများအား တင်ပြခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ သည်။

 

မန္တလေးမြို့အခြေစိုက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီသည်မလွန်ဆေးရိုးဝင်း၊ ‌အောင်နန်းအနောက် ရပ်ကွက်၊ ၃၃ x ၃၄ ကြား၊ (၈၅) လမ်း၊ အမှတ် (၁၂) တွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃၅/၂၀၂၃) ဖြင့် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံ တင်ခွင့် ရရှိခဲ့သည်။

 

#Newvisionmedia


Share this post