UEC မှ စစ်ဆေးတွေ့ရှိသည့် မဲစာရင်းမသမာမှုများသည် တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့်ရလာဒ်များထက် ပင် ပိုမိုများပြားနေသည်ကိုတွေ့ရကြောင်း န.စ.ကဥက္ကဋ္ဌပြောကြား

PUBLISHED - March 10, 2022
နေပြည်တော်၊ မတ် ၁၀
ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးတွေ့ရှိသည့် မဲစာရင်းမသမာမှုများသည် တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့် ရလာဒ်များထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား စဉ် ထည့်သွင်းပြောကြားသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ပထမဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ မဲစာရင်းစစ်ဆေး ခြင်းတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးတွေ့ရှိတဲ့ မဲစာရင်းမသမာမှု တွေဟာ တပ်မတော်မှ စစ်ဆေးတွေ့ရှိတဲ့ ရလာဒ်တွေထက်ပင် ပိုမိုများပြားနေတာကို တွေ့ရှိရမှာဖြစ်တယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ရဲ့ အသက်ပင်ဖြစ်ကာ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတာဝန်တွေကို ထမ်းဆောင်ရမယ့်သူတွေကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ရွေးချယ်ပေးရမယ့်သူတွေဖြစ်တဲ့အတွက် ရိုးသားစွာနဲ့ အနိုင်ရရှိတဲ့ ရွေး ကောက်ခံကိုယ်စားလှယ်တွေဖြစ်ပြီး ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုဖို့ လိုအပ်မှာဖြစ်တယ်” ဟု နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံပြီး ကောက်ခံရခြင်းဖြစ်ပြီး ခေတ် အဆက်ဆက်တွင်လည်း ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်သည့် ကမ္ဘာတွင် ခိုင်မာမှုအရှိဆုံးသော သန်းခေါင်စာရင်း ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ စာရင်းသည် ၎င်းသန်းခေါင်စာရင်းကို အခြေခံ၍ပြုလုပ်ထားခြင်းဖြစ်ပြီး ၃၄ ဒသမ ၂၉ သန်းကျော်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူစာရင်း သည် ၃၈ ဒသမ ၂၇ သန်းကျော်အထိရှိ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သုံးသပ်ကြည့်မည်ဆိုပါက ၁၉၇၄ – ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦး ရေတိုးတက်မှုနှုန်းသည် ၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်ကို လူဦးရေစာရင်းပညာရှင်များနှင့် ကျွမ်းကျင်သူများ၏ စနစ်တကျတွက်ချက်မှုအရ တွေ့ရှိရကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် မဲပေးခွင့်ရှိသူ ၃၄ ဒသမ ၂၉ သန်းကို ၁ ရာခိုင်နှုန်းနှင့် တွက်မည်ဆိုပါက တစ်နှစ်လျင် ၃ ဒသမ ၄ သိန်းရှိမည်ဖြစ်ပြီး ၅ နှစ်ဆိုပါက ၁ ဒသမ ၇ သန်းရှိမည်ဖြစ်ကာ အလွန်ဆုံး ၂ သန်းသာ လူဦးရေးတိုးပွားမှု ရှိရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ကောက်ခံရရှိမှု မဲပေးခွင့်ရှိသူမှာ ၃၈ ဒသမ ၂၇ သန်းထိ ရှိနေသည်ကို မဖြစ်နိုင်ဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခိုင်မာသောသန်းခေါင်စာရင်းကို အခြေခံ၍ မဲစာရင်း ပြုစုခြင်း မဟုတ်သောကြောင့် ဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ ကြေ ညာရာတွင်လည်း စာရင်းကွဲလွဲမှုများဖြင့် အမျိုးမျိုး ကြေညာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရေး မသမာသော နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တပ်မတော် အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမူအခြေအနေများအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် နိုင်ငံတော်၏ တာဝန်များကို အမျိုးသားရေး တာဝန်တစ်ရပ်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#PeopleMedia
(unicode)
…………………………………
#PeopleMedia