UEC မှ လာမည့်ရွေးကောက်ပွဲအတွက် လေ့လာခြင်းဆိုင်ရာ စာအုပ်ထုတ်ဝေရာ၌ PR စနစ်ကို ထည့်သွင်းပုံနှိပ်၊ အဆိုပါစာအုပ်သည် နိုင်ငံရေးပါတီများ မရှိမဖြစ်ဆောင်ထားသင့်သည့် စာအုပ်ဖြစ်ဟုဆို

PUBLISHED - October 4, 2021
နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပုံနှိပ်ထုတ်ဝေသည့် ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများ အပေါ် လေ့လာခြင်းအတွဲ(၁)စာအုပ်များ ထုတ်ဝေရာ၌ PR စနစ်ကို ထည့်သွင်းပုံနှိပ်ထားသည်။
အဆိုပါစာအုပ်သည် ပါတီနိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ ဥပဒေပညာရှင်များနှင့် ဥပဒေကျောင်းသားများ၊ နိုင်ငံရေးသိပ္ပံပညာရှင်များ၊ နိုင်ငံတကာလေ့လာရေး ပညာသင်ကျောင်းသားများအတွက် နိုင်ငံပေါင်း ၁၈ နိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲများအပေါ် တစ်စုတစ်စည်းတည်း လေ့လာနိုင်ရန် အဆင်သင့်စုဆောင်းပေးထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း UEC မှ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် လာမည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မသိမဖြစ် လေ့ လာရမည့်စာအုပ်၊ နိုင်ငံရေးပါတီများ မရှိမဖြစ်ဆောင်ထားသင့်သည့် စာအုပ်လည်းဖြစ်ကြောင်း ရေးသားထား သည်။
ယင်းစာအုပ်တွင် လာမည့်ရွေးကောက်ပွဲအတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးပါက မည်သည့်စနစ် မျိုးကို ကျင့်သုံးသင့်ပါသလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့် လိုက်လျောညီထွေဖြစ်မည့် မည်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးသင့်ပါသလဲဆိုသည့်မေးခွန်းများအတွက် လေ့လာရန် ထည့်သွင်ုရိုက်နှိပ် ထားကြောင်း သိရှိရသည်။
အလားတူ တစ်အုပ်လျှင် တန်ဖိုးငွေကျပ် ၃၀၀၀ ဖြစ်ပြီး ဝယ်ယူလိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး ပြင်ပဆက်ဆံရေးဌာန၊ ဖုန်း ၀၆၇-၃၄၀၄၃၁၅ သို့လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ဖော် ပြပါရှိသည်။
#PeopleMedia #UEC #PRစနစ်
(unicode)
……………………………………………………………………………