• Follow Us on

Home UEC အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းအတွင်း ပါတီဝင်အင်အားစာရင်းများစစ်ဆေးမှုခံယူနေသည့် နိုင်ငံရေးပါတီ (၆) ပါတီမှ တိုင်းအဆင့်ပါတီတာဝန်ခံများအားတွေ့ဆုံ

UEC အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းအတွင်း ပါတီဝင်အင်အားစာရင်းများစစ်ဆေးမှုခံယူနေသည့် နိုင်ငံရေးပါတီ (၆) ပါတီမှ တိုင်းအဆင့်ပါတီတာဝန်ခံများအားတွေ့ဆုံ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ (၆)ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေး ပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့တင်ပြလာသော ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ၊ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ၊ မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က စိစစ်ခြင်းဆိုင်ရာလုပ်ငန်းတွင် နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်ရန်နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ မှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေး မှူးများ၊ တိုင်းဒေသကြီးအဆင့် နိုင်ငံရေးပါတီတာဝန်ခံများက ဆွေးနွေးတင်ပြခဲ့ကြသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)မှ ဒုတိယဥက္ကဋ္ဌ ဦးစောလွင်ငယ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင် ဦးစောဝင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ရခိုင့်ဦးဆောင်ပါတီမှ အတွင်းရေးမှူး ဦးထွန်းသိန်း၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post