UEC အသစ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို SNLD တက်ရောက်မည်မဟုတ် SNLD ဥက္ကဋ္ဌပြော

PUBLISHED - February 24, 2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
တပ်မတော်အစိုးရမှ ဖွဲ့စည်းပေးလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံပွဲကို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ တက်ရောက်မည်မဟုတ်ကြောင်း ယင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က People Media သို့ ပြောသည်။
“မတက်တာပါ။ ဘာကြောင့် မတက်လဲဆိုတော့ အခုအစိုးရသစ်ကဖွဲ့တဲ့ UEC က ဖြစ်နေတယ်။ နောက်ပြီး ရှင်းရှင်းလင်းလင်းလည်း ဘာမှသေချာမသိရသေးဘူး။ အဲ့ဒါကြောင့်ပါ” ၎င်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ NLD ပါတီက တက်ရောက် မည် မဟုတ်ကြောင်းကိုလည်း ယမန်နေ့က NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းပါတီမှ လွှတ်တော်အမတ်ဦးစိုးလေးက မီဒီယာများကို ပြောဆိုထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်နှင့် နိုင်ငံရေးပါတီများ လာမည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နေ ပြည်တော်၌ တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်ပြီး၊ ယင်းတွေ့ဆုံပွဲကို တက်ရောက်မည့် နိုင်ငံရေးပါတီများလည်း ရှိသလို မတက်ရောက်မည့် နိုင်ငံရေးပါတီများလည်း ရှိနေကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia