• Follow Us on

Home UEC မှ ရိုက်နှိပ်ထုတ်ဝေသော ၂၀၂၀ ခုနှစ် မဲမသမာမှုစိစစ်တွေ့ရှိချက်စာအုပ်များကို ဘုန်းတော်ကြီး ကျောင်း များနှင့် စာသင်ကျောင်းတိုက်များထံ ဖြန့်ဝေလှူဒါန်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီစဉ်နေ

UEC မှ ရိုက်နှိပ်ထုတ်ဝေသော ၂၀၂၀ ခုနှစ် မဲမသမာမှုစိစစ်တွေ့ရှိချက်စာအုပ်များကို ဘုန်းတော်ကြီး ကျောင်း များနှင့် စာသင်ကျောင်းတိုက်များထံ ဖြန့်ဝေလှူဒါန်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီစဉ်နေ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၁ (People Media)

 

UEC မှ ရိုက်နှိပ်ထုတ်ဝေသော ၂၀၂၀ ခုနှစ် မဲမသမာမှုစိစစ်တွေ့ရှိချက်စာအုပ်များကို ဘုန်းတော်ကြီး ကျောင်း များနှင့် စာသင်ကျောင်းတိုက်များအား ဖြန့်ဝေလှူဒါန်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင် ရွက်လျှက်ရှိသည်။

 

အလားတူ ၂၀၂၀ ခုနှစ် မဲမသမာမှုစိစစ်တွေ့ရှိချက်စာအုပ်များကို ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်းတိုက်များအား ဖြန့်ဝေလှူဒါန်းရန် သက်ဆိုင်ရာဝန်ကြီးဌာန၏ ညွှန်ကြားစာ၌ လူမှုကွန်ယက်၌ ဇန်နဝါရီ ၂၀ ရက်နေ့က ထွက်ပေါ်လာခဲ့သည်။

 

အဆိုပါ ညွှန်ကြားစာအရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ပြုစုခဲ့ပြီး အဖြစ်မှန်ကို အများပြည်သူ သိရှိနားလည်စေရန်အတွက် “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စစ်ဆေးတွေ့ရှိချက်” စာအုပ်များကို ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းတိုက်များအား ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ် ကြောင်း ဖော်ပြပါသည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စစ်ဆေးတွေ့ရှိချက် စာအုပ် များကို လှူဒါန်းရာတွင်လည်း နိုင်ငံတော်ဆင့် ဆရာတော်တစ်ပါးလျှင် ၁ အုပ်နှုန်းဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် သံဃနာယကအဖွဲ့များ ၁ ဖွဲ့လျှင် ၃ အုပ်နှုန်းဖြင့်လည်းကောင်း၊ မြို့နယ် သံဃနာယကအဖွဲ့ များ ၁ ဖွဲ့လျှင် ၂ အုပ်နှုန်းဖြင့်လည်းကောင်း၊ ၂၅ ပါးအထက် ပရိယတ္တိစာသင်တိုက်များအား ၁ အုပ်နှုန်းဖြင့် လည်းကောင်း၊ ၅၀ ပါးအထက် ပရိယတ္တိစာသင်တိုက်များအား ၂ အုပ်နှုန်းဖြင့်လည်းကောင်း၊ ၁၀၀ ပါးအထက် ပရိယတ္တိစာသင်တိုက်များအား ၃ အုပ်နှုန်းဖြင့်လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း တစ်ကျောင်းလျှင် ၁ နှုန်းဖြင့်လည်းကောင်း ဆပ်ကပ်လှူဒါန်းသွားရန် ညွှန်ကြားထားသည်။

 

Photo – သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကို

 

#PeopleMedia #UEC #သာသနာရေး

 

(unicode)


……………………………………………………..

 


 


 


 


 


 


 



Share this post