• Follow Us on

Home UEC သည် ရွေးကောက်ပွဲအပြီး မဲဆန္ဒရှင်စာရင်း နှစ်ကြိမ်ထုတ်ပြန်မှု၌ လူဦးရေ တစ်သန်းကျော်ခန့် စာရင်း ကွာဟမှုသည် စာရင်းမှားတာ မဖြစ်နိုင်ကြောင်း မုံရွာအောင်ရှင် ပြောဆို UEC အနေဖြင့် မဲပေးခွင့်ရှိသူ တစ်သန်း ကွာဟချက်သည် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း SNLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင် ပြောဆို


Share this post

#PeopleMedia #Political #UEC
(unicode)
UEC သည် ရွေးကောက်ပွဲအပြီး မဲဆန္ဒရှင်စာရင်း နှစ်ကြိမ်ထုတ်ပြန်မှု၌ လူဦးရေ တစ်သန်းကျော်ခန့် စာရင်း ကွာဟမှုသည် စာရင်းမှားတာ မဖြစ်နိုင်ကြောင်း မုံရွာအောင်ရှင် ပြောဆို
UEC အနေဖြင့် မဲပေးခွင့်ရှိသူ တစ်သန်း ကွာဟချက်သည် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း SNLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင် ပြောဆို
……………………………………………….
UEC သည် နိုဝင်ဘာလ ၁၀ ရက်နေ့ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာတွင် မဲဆန္ဒရှင် စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးသာရှိခဲ့ရာမှ နိုဝင်ဘာလ ၃၀ ရက်နေ့၌ UEC ၏ ထုတ်ပြန်ချက်မှာ မဲဆန္ဒရှင် စုစုပေါင်း ၃၈၂၇၁၄၄၇ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်၍ ရက် ၂၀ အတွင်းမှာ မဲဆန္ဒရှင် ၁၀၀၂၅၇၁ ဦး ကွာဟနေမှုနှင့်ပတ်သက်၍ People Media က NLD ပါတီ၊ SNLD ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ သဘောထားများကို ဆက်သွယ် မေးမြန်းခဲ့သည်။



(unicode)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာဦးအောင်ရှင်

“အဲ့ဒါက ကျွန်တော်ထင်တယ်ဗျ ရွှေ့ပြောင်းအလုပ်သမားကိစ္စတွေရော နောက်ပြီး နိုင်ငံခြားရောက်နေတာ တွေရော ကျန်ရစ်ခဲ့တာတွေရော ရှိမှာပေါ့။ နောက်မှ တိုးတာတွေလည်း ရှိနိုင်တာပေါ့။ ဒါတွေကြောင့် ပြန်ပြီး တိုးလာတယ်လို့ ထင်ပါတယ်။ စာရင်းမှားတာတော့ မဖြစ်နိုင်ဘူး အဲ့ဒါတော့ သေချာပါတယ်။ UEC က ဒါနဲ့ ပတ်သက်ပြီး သေချာမထုတ်ပြန်တယ်ဆိုတာလည်း ကိန်းဂဏန်းတွေက တစ်ခါတစ်ရံမှာတော့ အတိုးအလျော့ တော့ ရှိနိုင်ပါတယ်”



(unicode)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်

“ကျွန်တော်ထင်တယ် ဒီကိစ္စက စာရင်းဇယားတွေ တစ်ခုခု လွဲနေပြီထင်တယ်။ ဌာနတစ်ခုတည်းက ထုတ်တဲ့ စာရင်းဇယားက ရက် ၂၀ ကွာတာနဲ့ စာရင်းတွေက ပြောင်းသွားတယ်ဆိုတာ ဒါမဖြစ်သင့်ဘူး။ အပြီးသတ် စာရင်းက ဘယ်နေ့ဟာကို ယူရမလဲ နောက်ဆုံးဟာပဲ ယူရမလား။ သူတို့ ပြင်ဆင်သင့်တာပေါ့။ ကော်မရှင် ဆိုတာ ပွင့်လင်းမြင်မှုရှိဖို့လိုတယ်။ နောက်သူများတွေ လက်ခံနိုင်တဲ့အနေအထားတွေကို ထုတ်ပြန်ဖို့လိုမယ် ထင်တယ်။ ဒီလောက်ကွာနေတာက စာရင်းဇယားမှားတယ်လို့ ပြောလို့ မရတော့ဘူး။ တစ်ခုခုတော့ လွဲနေပြီ ထင်ပါတယ်။ ဒီလိုသာဆို အပြစ်တင်နေတဲ့ ပါတီတွေဘက်က မှန်သလို ဖြစ်နေတာပေါ့။ ဒါကြောင့် ကော်မရှင် အနေနဲ့ အမှားပြင်ဆင်ချက်တွေ ထုတ်သင့်တယ်”



(unicode)
ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဖဒိုမန်းငြိမ်းမောင်

“UEC ပထမထုတ်တဲ့ မဲဆန္ဒရှင်စာရင်းလည်း မှန်ပါတယ်။ မနေ့က ထုတ်တဲ့ မဲဆန္ဒရှင်စာရင်းလည်း မှန်ပါတယ်။ ဘယ်လောက်ပဲကွာကွာ UEC ပြောသမျှ အမှန်ကြီးပဲ။ UEC က ရှေ့တစ်မျိုးပြောလည်း အမှန်ဘဲ နောက်တစ်မျိုး ပြောလည်း အမှန်ဘဲ။ UEC ရဲ့ အတည်ပြုချက်က အမှန်ဘဲလို့ ဥပဒေက အကာအကွယ်ပေးထားတော့ UEC ဘာလုပ်လုပ် အကုန်လုံးအမှန်ကြီးဘဲပေါ့။ UEC အနေနဲ့ တိုင်းသူပြည်သူအကုန်လုံးရဲ့ ယုံကြည်မှု ရလား မရလားဆိုတာ ညဘက်အိပ်ယာဝင်ရင် ပြန်ပြီး ဓမ္မဒိဋ္ဌာန်ကျကျ စဉ်းစားပါလို့ ကျွန်တော် ဒါပဲ ပြောချင်တယ်”



(unicode)
ကချင်ပြည်နယ်ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူ

“အမှန်ဆို တိတိကျကျ သူတို့ ထုတ်ပြန်ရမှာပေါ့။ မဲစာရင်းဆိုတာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ထုတ် ပြန်ရမှာ။ ကျွန်မတို့လည်း ကိုယ့်ဒေသကိုယ့်မြို့ကတောင်မှ အခုထိ မဲစာရင်းတွေ မရသေးဘူး။ မဲပေးနိုင်တဲ့သူ ဘယ်လောက် ပြီးတော့ ဘယ်ရပ်ကွက်မှာ ဘယ်နှစ်ယောက် မဲထည့်တာဆိုတာ အခုထိ အတိအကျ မရသေး ဘူး။ အခုကွာနေတာ မှားသွားတာလား ကျန်ခဲ့တာလားဆိုတာ သူတို့ပဲ သိမယ်။ သူတို့က သူတို့မှန်တယ်လို့ အမြဲတမ်းပြောနေတာပဲလေ ကျွန်မတို့က ဘာပြောနိုင်မှာလဲ။ အခု မဲရလဒ်တွေဆိုလည်း NLD နဲ့ အရမ်း ကွာခြားနေတယ်။ ကျွန်မတို့က သူတို့ကြိုတင်မဲတွေ အရမ်းရတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ ကြိုတင်မဲ ဘယ် လိုရလည်း ဘယ်ကနေပေးတာလည်းဆိုတာ ပွင့်လင်းမြင်သာမှုမရှိဘူး။ အခုလည်း မဲဆန္ဒရှင် စာရင်းကွာနေ တယ်ဆိုတာ သူတို့ကိုပဲ မေးမှရမယ်။ ဘာကြောင့်လည်းဆိုတာတော့ သူတို့ အကြောင်းပြချက်ပေးရမှာပေါ့”


Share this post