• Follow Us on

Home UEC ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ စတင်တိုင်ကြား


Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
 
 
 
 
#PeopleMedia #USDP #UEC
 
(unicode)
UEC ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ စတင်တိုင်ကြား
………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လက်ခံလိုက်သည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ (၂၃၀/၂၀၂၀) လက်ခံခဲ့ခြင်းဖြစ်သည်။
 
အထက်ပါကဲ့သို့ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်ကြားထားမှုမှာ မှန်ကန်ကြောင်း ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က အတည်ပြုသော်လည်း ပါဝင်သည့်အချက်အလက်များကို ပြောဆိုရန်အတွက် ငြင်းဆိုသည်။
 
ပြီးခဲ့ရက်ပိုင်းကလဲ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တရားလွှတ်တော်ချုပ်တွင် တိုင်ကြားထားခဲ့သည်။
 
#PeopleMedia #USDP #UEC

Share this post