• Follow Us on

Home USDP ပါတီအေနျဖင့္ ရခိုင္အမ်ဳိးသားတို႔၏ အနာဂတ္ဘ၀ သာယာေျဖာင့္ျဖဴးေရးတို႔ကို ေဖာ္ေဆာင္ရာတြင္ ရခိုင္တိုင္းရင္းသားမ်ားႏွင့္အတူ ထာ၀စဥ္လက္တြဲေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ပါတီဥကၠ႒ ဦးသန္းေဌး ေျပာၾကား

USDP ပါတီအေနျဖင့္ ရခိုင္အမ်ဳိးသားတို႔၏ အနာဂတ္ဘ၀ သာယာေျဖာင့္ျဖဴးေရးတို႔ကို ေဖာ္ေဆာင္ရာတြင္ ရခိုင္တိုင္းရင္းသားမ်ားႏွင့္အတူ ထာ၀စဥ္လက္တြဲေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ပါတီဥကၠ႒ ဦးသန္းေဌး ေျပာၾကား

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
USDP ပါတီအေနျဖင့္ ရခိုင္အမ်ဳိးသားတို႔၏ အနာဂတ္ဘ၀ သာယာေျဖာင့္ျဖဴးေရးတို႔ကို ေဖာ္ေဆာင္ရာတြင္ ရခိုင္တိုင္းရင္းသားမ်ားႏွင့္အတူ ထာ၀စဥ္လက္တြဲေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ပါတီဥကၠ႒ ဦးသန္းေဌးမွ ဒီဇင္ဘာ ၁၄ ရက္ေန႔ညပိုင္းအခ်ိန္တြင္ ရခိုင္ျပည္နယ္ေန႔အထိမ္းအမွတ္အျဖစ္ သ၀ဏ္လႊာေပးပို႔ခဲ့သည္။
 
၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၁၅ ရက္ေန႔၌က်ေရာက္သည့္ ရခိုင္တိုင္းရင္းသားမ်ား၏ ရခိုင္ျပည္နယ္ေန႔အထိမ္း အမွတ္တြင္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးမွ ဆုေတာင္းသ၀ဏ္လႊာေပးပို႔ခဲ့ ျခင္းျဖစ္သည္။
 
အဆိုပါသ၀ဏ္လႊာတြင္ USDP ပါတီအေနျဖင့္ ျပည္ေထာင္စုစိတ္ဓာတ္ ရွင္သန္ခိုင္မာေစေရး၊ အမ်ဳိးဘာသာ သာသနာထိန္းသိမ္းေစာင့္ေရွာက္ေရး၊ အမ်ဳိးသားအက်ဳိးစီးပြား တိုးတက္ခိုင္မာေရး၊ ရခိုင္အမ်ဳိးသားတို႔၏ အနာ ဂတ္ဘ၀သာယာ ေျဖာင့္ျဖဴးေရးတို႔ကို ေဖာ္ေဆာင္ရာတြင္ ရခိုင္တိုင္းရင္းသားမ်ားႏွင့္အတူ ထာ၀စဥ္ေဖာ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
 
ဆက္လက္ၿပီး USDP ပါတီအေနျဖင့္ ရခိုင္တိုင္းရင္းသားတို႔၏ ဘာသာစကား၊ စာေပ၊ ယဥ္ေက်းမႈ၊ ဓေလ့ထံုး တမ္းမ်ားႏွင့္ သမိုင္းအစဥ္အလာေကာင္းမ်ားကို ရခိုင္တိုင္းရင္းသားမ်ားႏွင့္အတူ ထာ၀စဥ္အေလးထားလ်က္ရွိ သည္ကိုလည္း ယင္းသ၀ဏ္လႊာတြင္ ေရးသားေဖာ္ျပထားသည္။
 
၁၉၇၄ ခုႏွစ္၊ ဖြဲ႕စည္းပံုအေျခခံဥပေဒအတည္ျပဳျပ႒ာန္းႏိုင္ေရးအတြက္ ျပည္သူတစ္ရပ္လံုးတစ္ခဲနက္ ဆႏၵျပဳခဲ့ ၾကသည့္ ၁၉၇၃ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကို ရခိုင္ျပည္နယ္ေန႔အျဖစ္ သတ္မွတ္ခဲ့ၿပီး ၁၉၇၅ ခုႏွစ္မွ စတင္၍ ရခိုင္ျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားမ်ား က်င္းပလာခဲ့သည္မွာ ယေန႔ဆိုလွ်င္ (၄၆) ႀကိမ္ ေျမာက္ရွိၿပီ ျဖစ္သည္။
 
#PeopleMedia #USDP #ရခိုင္ျပည္နယ္ေန႔
 
(unicode)
USDP ပါတီအနေဖြင့် ရခိုင်အမျိုးသားတို့၏ အနာဂတ်ဘဝ သာယာဖြောင့်ဖြူးရေးတို့ကို ဖော်ဆောင်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ထာဝစဉ်လက်တွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား
………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
USDP ပါတီအနေဖြင့် ရခိုင်အမျိုးသားတို့၏ အနာဂတ်ဘဝ သာယာဖြောင့်ဖြူးရေးတို့ကို ဖော်ဆောင်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ထာဝစဉ်လက်တွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ဒီဇင်ဘာ ၁၄ ရက်နေ့ညပိုင်းအချိန်တွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် သဝဏ်လွှာပေးပို့ခဲ့သည်။
 
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့၌ကျရောက်သည့် ရခိုင်တိုင်းရင်းသားများ၏ ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ဆုတောင်းသဝဏ်လွှာပေးပို့ခဲ့ ခြင်းဖြစ်သည်။
 
အဆိုပါသဝဏ်လွှာတွင် USDP ပါတီအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး၊ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွား တိုးတက်ခိုင်မာရေး၊ ရခိုင်အမျိုးသားတို့၏ အနာ ဂတ်ဘဝသာယာ ဖြောင့်ဖြူးရေးတို့ကို ဖော်ဆောင်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ထာဝစဉ်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
 
ဆက်လက်ပြီး USDP ပါတီအနေဖြင့် ရခိုင်တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံး တမ်းများနှင့် သမိုင်းအစဉ်အလာကောင်းများကို ရခိုင်တိုင်းရင်းသားများနှင့်အတူ ထာဝစဉ်အလေးထားလျက်ရှိ သည်ကိုလည်း ယင်းသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
 
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးတစ်ခဲနက် ဆန္ဒပြုခဲ့ ကြသည့် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၆) ကြိမ် မြောက်ရှိပြီ ဖြစ်သည်။
 
#PeopleMedia #USDP #ရခိုင်ပြည်နယ်နေ့

Share this post