• Follow Us on

Home USDP အမာခံနယ္ေျမျဖစ္သည့္ ဆိပ္ကမ္းၿမိဳ႕နယ္ကို ဖ်က္သိမ္းၿပီး လမ္းမေတာ္ၿမိဳ႕ႏွင့္ ဗိုလ္ တေထာင္ၿမိဳ႕နယ္သို႔ ထည့္သြင္းလိုက္ၿပီ

USDP အမာခံနယ္ေျမျဖစ္သည့္ ဆိပ္ကမ္းၿမိဳ႕နယ္ကို ဖ်က္သိမ္းၿပီး လမ္းမေတာ္ၿမိဳ႕ႏွင့္ ဗိုလ္ တေထာင္ၿမိဳ႕နယ္သို႔ ထည့္သြင္းလိုက္ၿပီ

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၂၇

USDP ပါတီ၏ အမာနယ္ေျမျဖစ္သည့္ ဆိပ္ကမ္းၿမိဳ႕နယ္ကို ဖ်က္သိမ္းၿပီး လမ္းမေတာ္ၿမိဳ႕နယ္ႏွင့္ ဗိုလ္တေထာင္ ၿမိဳ႕နယ္အတြင္းသို႔ ထည့္သြင္းေၾကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနက အမိန့္ေၾကာ္ျငာစာ ထုတ္ျပန္ လိုက္သည္။

ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနက အမိန့္ေၾကာ္ျငာစာကို ဇန္နဝါရီ(၂၇)ရက္ေန႕က ထုတ္ျပန္လိုက္သည္။ ထုတ္ျပန္ခ်က္၌ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္(အေနာက္ပိုင္း)ခရိုင္၊ ဆိပ္ကမ္းၿမိဳ႕နယ္အတြင္းရွိ ေမာ္တင္ယာ ယီေစ်းရပ္ကြက္အား လမ္းမေတာ္ၿမိဳ႕နယ္အတြင္းသို႔ ထည့္သြင္းဖြဲ႕စည္း၍ ဆိပ္ကမ္းမိသားစုရိပ္သာရပ္ကြက္၊ ရဲရိပ္သာရပ္ကြက္ႏွင့္ ေရပိုင္နက္(၁၀၄)စတုရန္းမိုင္တို႔အား ရန္ကုန္(အေရွ႕ပိုင္းခရိုင္) ဗိုလ္တေတာင္ၿမိဳ႕နယ္ အတြင္းသို႔ ထည့္သြင္းဖြဲ႕စည္းၿပီး ဆိပ္ကမ္းၿမိဳ႕နယ္အား ပယ္ဖ်က္ျခင္းတို႔ကို ေအာက္ပါအတိုင္း ျပင္ဆင္ဖြဲ႕စည္း လိုက္သည္။ ေဖာ္ျပခ်က္အခ်ိဳ႕၌ ရန္ကုန္(အေနာက္ပိုင္း)ခရိုင္၊ ဆိပ္ကမ္းၿမိဳ႕နယ္(၁) ၿမိဳ႕နယ္ ပယ္ဖ်က္၍ လမ္း မေတာ္ၿမိဳ႕နယ္ တြင္ ရပ္ကြက္(၁)ရပ္ကြက္တိုးခ်ဲ့ဖြဲ႕စည္းသြားမည္ျဖစ္သည္။

အလားတူ NLD အစိုးရသည္ လွိုင္သာယာၿမိဳ႕အား ႏွစ္ၿမိဳ႕နယ္ ခြဲထုတ္ရန္ စီစဥ္ထားေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕ မ်ားက ေျပာဆိုသည္။

#PeopleMedia #ဆိပ္ကမ္းၿမိဳ႕ဖ်က္သိမ္း

[Unicode]
USDP အမာခံနယ်မြေဖြစ်သည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး လမ်းမတော်မြို့နှင့် ဗိုလ်တထောင်မြို့နယ်သို့ ထည့်သွင်းလိုက်ပြီ
……………………………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၇

USDP ပါတီ၏ အမာနယ်မြေဖြစ်သည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး လမ်းမတော်မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်အတွင်းသို့ ထည့်သွင်းကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန် လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာကို ဇန်နဝါရီ(၂၇)ရက်နေ့က ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်၌ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အနောက်ပိုင်း)ခရိုင်၊ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ မော်တင်ယာ ယီစျေးရပ်ကွက်အား လမ်းမတော်မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်း၍ ဆိပ်ကမ်းမိသားစုရိပ်သာရပ်ကွက်၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက်(၁၀၄)စတုရန်းမိုင်တို့အား ရန်ကုန်(အရှေ့ပိုင်းခရိုင်) ဗိုလ်တတောင်မြို့နယ် အတွင်းသို့ ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမြို့နယ်အား ပယ်ဖျက်ခြင်းတို့ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း လိုက်သည်။ ဖော်ပြချက်အချို့၌ ရန်ကုန်(အနောက်ပိုင်း)ခရိုင်၊ ဆိပ်ကမ်းမြို့နယ်(၁) မြို့နယ် ပယ်ဖျက်၍ လမ်း မတော်မြို့နယ် တွင် ရပ်ကွက်(၁)ရပ်ကွက်တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။

အလားတူ NLD အစိုးရသည် လှိုင်သာယာမြို့အား နှစ်မြို့နယ် ခွဲထုတ်ရန် စီစဉ်ထားကြောင်း အုပ်ချုပ်ရေးအဖွဲ့ များက ပြောဆိုသည်။

#PeopleMedia #ဆိပ်ကမ်းမြို့ဖျက်သိမ်း

(Unicode)


Share this post