USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်အုပ်စု အာရေဗျ ပင်လယ်တွင် လေ့ကျင့်
PUBLISHED - May 22, 2019
အမေရိကန် USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ် အုပ်စု သည် အာရေဗျပင်လယ်တွင် လေ့ကျင့်မူပြုလုပ်ခဲ့ကြောင်း မေ ၂၁ ရက် RT သတင်း၌ ဖော်ပြထားသည်။ အမေရိကန်သည် အီရန်၏တိုက်ခိုက်လာမူကို တန်ပြန်ရန် အတွက် အာရေဗျပင်လယ်တွင် USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်အုပ်စုကို တပ်စွဲထားပြီး လေ့ကျင့်မူများပြုလုပ်နေခြင်းဖြစ်သည်။
အမေရိကန်အနေဖြင့် အီရန်နှင့် စစ်မဖြစ်လိုကြောင်း၊ သို့သော် အီရန်၏ သဘောထား တင်းမာမူများနှင့် သတိပေးမူများကို တုံ့ပြန်ရန် အဆင့်သင့်ပြင်ဆင်ထားကြောင်း အမေ ရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က မေ ၅ ရက်တွင် ပြောကြားထား သည်။
အမေရိကန်သည် အီရန်က တိုက်ခိုက်လာပါက တုံ့ပြန်ရန် B – 52 ဗုံးကြဲလေယာဉ်များ ကို ကာတာရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းသို့ပေးပို့ထားပြီး ပက်ထရီယော့ဒုံး များကိုလည်း အရှေ့အလယ်ပိုင်းသို့ ပို့ဆောင်ထားသည်။
https://www.facebook.com/303185163868226/videos/992469704477799/