UWSA (ဝ)အဖြဲ႕ႏွင့္ NDAA (မိုင္းလား)အဖြဲ႕ နယ္ေျမမ်ားအတြင္း Covid-19 ေရာဂါႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းႏွင့္ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္႐ြက္
PUBLISHED - May 15, 2020
ေနျပည္ေတာ္၊ ေမ – ၁၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းယြန္းေဒသႏွင့္ မိုင္းလားေဒသမ်ားသို႔ ေရာက္ရွိေနသည့္ ႀတိဂံေဒသတိုင္းစစ္ဌာန ခ်ဳပ္၊ နယ္ေျမခံေဆးတပ္ရင္းမွ ပါရဂူမ်ား၊ ေဆးမွဴးမ်ား၊ သူနာျပဳမ်ားပါဝင္ေသာ ေဆးအဖြဲ႕မ်ားသည္ ယေန႔တြင္ Covid-19 ေရာဂါႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားႏွင့္ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ဆက္လက္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း တပ္မေတာ္မွသတင္းထုတ္ျပန္လိုက္သည္။
ထိုသို႔ ေဆာင္႐ြက္ေပးလ်က္ရွိရာတြင္ တိုင္းစစ္ဌာနခ်ဳပ္ေဆးအဖြဲ႕က မိုင္းယြန္း ျပည္သူ႔ေဆး႐ုံ၌ UWSA (ဝ) တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအားလည္းေကာင္း၊ Quarantine ျပဳလုပ္ ထားရွိသည့္ မိုင္းလားၿမိဳ႕၊ ပါခါးေက်း႐ြာ တိုင္းရင္းသားေက်ာင္း၊ နမ့္ပန္းေဒသရွိ အေျခခံပညာမူလတန္းေက်ာင္း (နမ့္ပန္း-တ႐ုတ္ျမန္မာ စာသင္ေက်ာင္း)ႏွင့္ ပါမူးေက်း႐ြာတို႔၌ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွ ျပန္လည္ေရာက္ရွိ လာသည့္ အလုပ္သမားမ်ား၊ ေဒသခံျပည္သူမ်ားအားလည္းေကာင္း၊ NDAA (မိုင္းလား)အဖြဲ႕တို႔မွ တပ္ဖြဲ႕ဝင္မ်ား ႏွင့္ မိသားစုဝင္မ်ားအားလည္းေကာင္း Covid-19 ေရာဂါႏွင့္ပတ္သက္၍ ကိုယ္အပူခ်ိန္ တိုင္းတာျခင္း၊ က်န္းမာ ေရးစစ္ေဆးေပးျခင္း၊ Ultrasound စက္ျဖင့္ ေရာဂါရွာေဖြျခင္း၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္ သည့္က်န္းမာေရး စစ္ေဆးေပးျခင္း၊ ေနအိမ္အေဆာက္အဦမ်ားအား ပိုးသတ္ေဆးဖ်န္းျခင္းႏွင့္ (Covid-19) ေရာဂါကာကြယ္ေရးဆိုင္ရာ ပညာေပးလက္ကမ္းစာေစာင္မ်ား ျဖန႔္ေဝေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode)
UWSA (ဝ)အဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့ နယ်မြေများအတွင်း Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
……………………………………………………
နေပြည်တော်၊ မေ – ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယွန်းဒေသနှင့် မိုင်းလားဒေသများသို့ ရောက်ရှိနေသည့် တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များသည် ယနေ့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်မှသတင်းထုတ်ပြန်လိုက်သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် တိုင်းစစ်ဌာနချုပ်ဆေးအဖွဲ့က မိုင်းယွန်း ပြည်သူ့ဆေးရုံ၌ UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်းကောင်း၊ Quarantine ပြုလုပ် ထားရှိသည့် မိုင်းလားမြို့၊ ပါခါးကျေးရွာ တိုင်းရင်းသားကျောင်း၊ နမ့်ပန်းဒေသရှိ အခြေခံပညာမူလတန်းကျောင်း (နမ့်ပန်း-တရုတ်မြန်မာ စာသင်ကျောင်း)နှင့် ပါမူးကျေးရွာတို့၌ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပြန်လည်ရောက်ရှိ လာသည့် အလုပ်သမားများ၊ ဒေသခံပြည်သူများအားလည်းကောင်း၊ NDAA (မိုင်းလား)အဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအားလည်းကောင်း Covid-19 ရောဂါနှင့်ပတ်သက်၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် (Covid-19) ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။