• Follow Us on

Home UWSA ထိန်းချုပ်နယ်မြေရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံမှ ပြန်ပို့ခံရသည့် မြန်မာအလုပ်သမား ၁၅၁ လမ်းခရီး၌ သောင်တင်နေ၊ နေရပ်ပြန်နိုင်ရေး ကူညီပေးရန် အစိုးရထံ တောင်းဆို

UWSA ထိန်းချုပ်နယ်မြေရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံမှ ပြန်ပို့ခံရသည့် မြန်မာအလုပ်သမား ၁၅၁ လမ်းခရီး၌ သောင်တင်နေ၊ နေရပ်ပြန်နိုင်ရေး ကူညီပေးရန် အစိုးရထံ တောင်းဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသ (၂)၊ UWSA ထိန်းချုပ်နယ်မြေ၊ မိုင်းကိုင်မြို့ရှိ တရုတ် နိုင်ငံသားပိုင် ကျင်းဟွာဆေးလိပ်စက်ရုံသည် စက်ရုံပိတ်သိမ်းမှုကြောင့် နေရပ်သို့ ပြန်ပို့ခြင်းခံရသည့် မြန်မာ လုပ်သား ၁၅၁ ယောက်သည် မိုင်းယန်း-မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီးတွင် သောင်တင် လျက်ရှိပြီး နေရပ်ပြန်နိုင်ရေး အစိုးရက ကူညီပေးရန် အဆိုပါအလုပ်သမားများက တောင်းဆိုလျက်ရှိသည်။
မိုင်းယန်း-မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီး၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ဦး၊ အမျိုးသမီး ၆၁ ဦး၊ အမျိုးသား ၉၀ ဦး သောင်တင်လျက်ရှိပြီး တောတွင်း၌ နေထိုင်ရလျက်ရှိပြီး အစားအသောက်လိုအပ်နှင့် အအေး ဒဏ်ကို ခံစားနေရသည်။
“သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တောင်းဆိုချင်တာက ကျွန်တော်တို့နေရပ်ကို အမြန်ဆုံးပြန်ပို့ပေးစေချင်ပါတယ်။ ဒီမှာက အရမ်းဒုက္ခရောက်တယ် မိန်းကလေးတွေရော လုံခြုံမှုမရှိဘူး ကြံတောကြားမှာဆိုတော့လေ နှင်းတွေက လည်းကျတယ်။ မီးပုံလုပ်ပြီးနေရတယ် စောင်တွေကလည်း မရှိဘူး။ ကျွန်တော်တို့ Q ဝင်ရမယ်ဆိုရင်လည်း ဝင်ပါမယ်။ ဒီနေရာကနေ အမြန်ဆုံးလွတ်မြောက်ချင်တယ်” ဟု ကိုသန့်ဇ

င်ဦးကပြောသည်။
လက်ရှိအချိန်တွင် ဒုက္ခရောက်နေသူများကို အထူးဒေသ ၄ ရှိ စေတနာရှင်များက ဆန်၊ ခေါက်ဆွဲထုပ်၊ အချိုရည်၊ ရေများ လာရောက်ပေးထားကြောင်း ၎င်းကပြောသည်။
UWSA ထိန်းချုပ်နယ်မြေရှိ တရုတ်နိုင်ငံသားပိုင် ကျင်းဟွာဆေးလိပ်စက်ရုံတွင် မြန်မာအလုပ်သမား ၃၀၀ ကျော်ရှိပြီး လက်ရှိအချိန်၌ အလုပ်သမား ၁၂၀ ခန့် စက်ရုံတွင်ကျန်ရှိကြောင်း ကိုသန့်ဇင်ဦးကပြောသည်။
လက်ရှိအချိန်၌ လမ်းခရီး၌ သောင်တင်နေသူ ၁၅၁ ဦးသည် နတ်မောက်၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်၌ နေထိုင်ကြသူများဖြစ်သည်။
#PeopleMedia #uwsa
(unicode)
……………………………………………………
#PeopleMedia #uwsa


Share this post