• Follow Us on

Home UWSA ထိန်းချုပ်ရာ “ဝ”ဒေသ၌ ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရန် UEC နှင့် “ဝ” ခေါင်းဆောင်များ တွေ့ဆုံ


Share this post

ရန်ကုန်၊ မတ် – ၃




#PeopleMedia #UWSA

(Unicode)
UWSA ထိန်းချုပ်ရာ “ဝ”ဒေသ၌ ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရန် UEC နှင့် “ဝ” ခေါင်းဆောင်များ တွေ့ဆုံ ……………………………………………………….

ရန်ကုန်၊ မတ် – ၃

UWSA ထိန်းချုပ်ရာ “ဝ”ဒေသ၌ ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရန် UEC နှင့် “ဝ” ခေါင်းဆောင်များ တွေ့ဆုံခဲ့ သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းခေါင်းဆောင်သည့်အဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် UWSA ထိန်းချုပ်ရာဌာနဖြစ်သည့် ပန်ဆန်း၌ UWSA ဒုဥက္ကဋ္ဌ-ဦးရှောက်မင်လျံနှင့် တွေ့ဆုံခဲ့ ကြောင်း “ဝ” အဖွဲ့က မတ်(၃)ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။

UWSA ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်များဖြစ်သော ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းမြို့နယ်များ၌ ပြီးခဲ့ သည့် ရွေးကောက်ပွဲကာလများ၌ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

#PeopleMedia #UWSA


Share this post