• Follow Us on

Home UWSA ထိန်းချုပ်ဒေသဖြစ်သည့် ပန်ခမ်းမြို့ကို ဇန်နဝါရီ ၆ ရက်နေ့ ည ၁၂ နာရီမှစ၍ Lockdown ချမည်

UWSA ထိန်းချုပ်ဒေသဖြစ်သည့် ပန်ခမ်းမြို့ကို ဇန်နဝါရီ ၆ ရက်နေ့ ည ၁၂ နာရီမှစ၍ Lockdown ချမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

UWSA ထိန်းချုပ်ဒေသဖြစ်သည့် ပန်ခမ်းမြို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ည ၁၂ နာရီမှစ၍ Lock down ချသွားမည်ဖြစ်ကြောင်း ဝပြည်နယ်ပန်ခမ်းမြို့ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ် ပြန်လိုက်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ ည ၁၂ နာရီမှစ၍ ဧရိယာကန့်သတ်၍ တစ်မြို့လုံး ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ပြီး တာဝန်ရှိသူများမှအပ မည်သူတစ်ဦးတစ်ယောက်မျှ အပြင်ထွက်သွားလာခွင့်မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပန်ခမ်းမြို့အတွင်းရှိ မိဘပြည်သူများနှင့် ပြင်ပမှဝင်ရောက်လာသူများအားလုံးလည်း စစ်ဆေးမူများ ပြုလုပ်သွား မည်ဖြစ်ပြီး တာဝန်ကျဝန်ထမ်းများ၏ လမ်းညွန်ချက်အတိုင်း လိုက်နာမှုမရှိဘဲ ချိုးဖောက်ခဲ့ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Lockdown ချထားချိန်ကာလအတွင်း အကယ်၍ အရေးပေါ်ကိစ္စရှိလာပါက ပန်ခမ်းမြို့ မြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့် သတင်းပေးပို့၍ အကူအညီတောင်းနိုင်ပြီ၊ Lockdown ပြန်ဖြည်မည့်နေ့ကိုလည်း ပြန်လည် အသိပေးသွားမည်ဖြစ်ကြောင်း ပန်ခမ်းမြို့ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၃ ရက်နေ့ထိ စာရင်းများအရ ပန်ခမ်းမြို့အတွင်း COVID-19 အတည်ပြုလူနာ ၃၅ ဦးရှိနေပြီ ဖြစ်သည်။

Photo – ဦးညီရမ်း

#PeopleMedia #UWSA

(unicode)
…………………………………………….








#PeopleMedia #UWSA


Share this post