• Follow Us on

Home V-Power သဘာဝဓာတ်ငွေ့သုံးစက်ရုံ(မြင်းခြံ) နှင့် Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ(မြင်းခြံ)တို့ အရေး ပေါ်ရပ်တန့်ခဲ့သည့်အတွက် ရန်ကုန်နှင့် မန္တလေးတို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်

V-Power သဘာဝဓာတ်ငွေ့သုံးစက်ရုံ(မြင်းခြံ) နှင့် Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ(မြင်းခြံ)တို့ အရေး ပေါ်ရပ်တန့်ခဲ့သည့်အတွက် ရန်ကုန်နှင့် မန္တလေးတို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်

Share this post

နေပြည်တော်၊ ဩဂုတ် ၁၃

 

V- Power သဘာဝဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)နှင့်Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ(မြင်းခြံ)တို့ အရေးပေါ်ရပ်တန့်ခဲ့သည့်အတွက် ရန်ကုန်နှင့် မန္တလေးတို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (မြင်းခြံ)သည် သြဂုတ်လ ၁၂ရက်နေ့ နံနက် ၁၁နာရီ အချိန်ခန့်တွင်လည်းကောင်း၊ Sembcorp သဘာ၀ ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) သည် သြဂုတ်လ ၁၂ရက်နေ့ နံနက် ၁၁ နာရီ ၄၀အချိန်ခန့်တွင် လည်းကောင်း စက်များအရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု (၄၉၂၀)မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျှက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

သို့ဖြစ်၍ အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အား စနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ဝန်အားထိန်း ညှိမှုများဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန်များအား ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

 

ထို့အတူ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အထက်ပါ ဓာတ်အားပေးစက်များမှ ဓာတ်အား စနစ်သို့ ထုတ်လုပ်နိုင်မှုမရှိချိန် ကာလအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံ များမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ်ဝန်အားထိန်းညှိမှုများဆောင်ရွက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက်လျော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း၊ စက်မှုဇုန်နှင့် သံရည်ကျို လုပ်ငန်းများအား ညပိုင်းတွင်ဓာတ်အားမပေးဘဲ ပြည်သူအား A,B,C အုပ်စုဖြင့် ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည်ဖြစ်ကြောင်း အသိပေးထား သည်။

 

#PeopleMedia


Share this post