• Follow Us on
Latest News

Home Virgin Australia လေကြောင်းလိုင်းဝန်ထမ်းနှစ်ဦး ဖီဂျီနိုင်ငံမှာ မုဒိန်းမှု/ခိုးမှုတွေနဲ့ စွပ်စွဲခံထားရ

Virgin Australia လေကြောင်းလိုင်းဝန်ထမ်းနှစ်ဦး ဖီဂျီနိုင်ငံမှာ မုဒိန်းမှု/ခိုးမှုတွေနဲ့ စွပ်စွဲခံထားရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၇

 

ဖီဂျီနိုင်ငံ နာဒီမြို့မှာ နှစ်သစ်ကူးနေ့က မုဒိန်းမှု/ခိုးမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သြစတေးလျလေကြောင်း လိုင်း Virgin Australia က လေကြောင်းလိုင်းဝန်ထမ်းနှစ်ဦး ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမှုတွေကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သြစတေးလျအစိုးရက ဇန်နဝါရီ ၂ ရက်နေ့ (ကြာသပတေးနေ့) က ပြောပါတယ်။

 

လေယာဉ်အမှုထမ်းတွေဟာ နောက်နေ့လေယာဉ်ခရီးစဉ်မထွက်ခွာခင် ခရီးတစ်ထောက်နားနေစဉ်အတွင်း ကမ္ဘာလှည့် ခရီးသွားတွေကြိုက်နှစ်သက်တဲ့နေရာမှာ ရောက်ရှိနေခဲ့ကြောင်း ဖီဂျီရဲမင်းကြီး ဂျူကီဖောင်းချောက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

စွပ်စွဲခံထားရတဲ့ဖြစ်စဉ်တွေကို သိရှိထားတဲ့ Virgin Australia လေကြောင်းလိုင်းကတော့ ဖီဂျီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အ ထောက်အကူဖြစ်အောင် ၎င်းတို့လူတွေကို ဖီဂျီနိုင်ငံကို စေလွှတ်ခဲ့ပေမဲ့ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ Virgin Australia လေကြောင်းလိုင်းဝန်ထမ်းတချို့ဟာ နာဒီမြို့က နိုက်ကလပ်တစ်ခုကို သွားရောက်ခဲ့တာကို စစ်ဆေး တွေ့ရှိရကြောင်း ဖီဂျီရဲတပ်ဖွဲ့က ပြောပါတယ်။

 

“ကံဆိုးစွာနဲ့ပဲ လေကြောင်းလိုင်းဝန်ထမ်းနှစ်ဦးဟာ နိုက်ကလပ်ကနေ ဟိုတယ်ကို ပြန်လာပြီးနောက်မှာ ခိုးမှု၊ မုဒိန်းမှုတို့ နဲ့ စွပ်စွဲခံရတဲ့ သားကောင်တွေဖြစ်ခဲ့ပါတယ်။” လို့ ရဲမင်းကြီးချောက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

Virgin လေကြောင်းလိုင်းဝန်ထမ်းနှစ်ဦးကို ထိခိုက်စေတဲ့ ခိုးမှုနဲ့ မုဒိန်းမှုတို့ဟာ သီးခြားစီဖြစ်ပွားခဲ့တဲ့ အမှုနှစ်မှုဖြစ်ကြောင်း ဖီဂျီဒုတိယဝန်ကြီးချုပ်နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလိုင်းဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဗီလီယာမီ ဂါဗိုကာက ထုတ်ပြန်ချက်ထဲမှာ ရှင်းပြပါတယ်။

 

စွပ်စွဲထားတဲ့ ဖြစ်စဉ်တွက် စိတ်မကောင်းဖြစ်ရကြောင်း၊ မုဒိန်းမှုစွပ်စွဲထားတာကို ရဲတပ်ဖွဲ့ကသိထားတဲ့ သံသယရှိသူတစ်ဦးကို စစ်ဆေးမေးမြန်းပြီးသွားပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက် နေကြောင်း ဂါဗိုကာက ပြောပါတယ်။

 

တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျနှစ်သက်တဲ့နိုင်ငံလေးဖြစ်ပြီး နိုဝင် ဘာလအတွင်း ခရီးသွား ၇၆၈၄၅ ဦး ဝင်ရောက်လာခဲ့ရာ သြစတေးလျ၊ နယူးဇီလန်နဲ့ မြောက်အမေရိက နိုင်ငံတွေက အများဆုံးဖြစ်ကြောင်း ဖီဂျီနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

သြစတေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ဖြစ်စဉ်ကို သိပေမဲ့ ရိုက်တာသတင်းဌာနကို မှတ်ချက်ပြု ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

Ref: Virgin Australia crew allegedly raped, robbed in Fiji

 

#PeopleMedia


Share this post