• Follow Us on

Home WHO အစည္းအေ၀းဖိတ္ၾကားခံရျခင္းမ႐ွိဟု ထိုင္၀မ္ေျပာ

WHO အစည္းအေ၀းဖိတ္ၾကားခံရျခင္းမ႐ွိဟု ထိုင္၀မ္ေျပာ

Share this post

တိုင္ေပ၊ ႏို၀င္ဘာ ၉
 
တ႐ုတ္ျပည္မႀကီးကေႏွာင့္ယွက္မႈမ်ား႐ွိခဲ့ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါအေရးအာ႐ံုစိုက္ ေဆြးေႏြးမည္ဟုခန္႔မွန္းထားသည့္ ယခုတပတ္ ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)အဓိကအစည္းအေ၀းကို ဖိတ္ၾကားခံရျခင္းမ႐ွိေသးဟု ထိုင္၀မ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေျပာသည္။
 
ထိုင္၀မ္ကို WHO၏ဆံုးျဖတ္ခ်က္ခ်ႏိုင္သည့္အစည္းအေ၀း ကမာၻ႔က်န္းမာေရးညီလာခံသို႔တက္ေရာက္ေရး ဖိတ္ၾကားရန္ ဂ်ီနီဗာမွအေမရိကန္သံအဖြဲ႕က ၿပီးခဲ့သည့္တပတ္တြင္ W.H.O အႀကီးအကဲ တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီရီးဆက္စ္ကို တိုက္တြန္းခဲ့သည္။
 
အဖြဲ႕၀င္ ၁၉၄ ႏိုင္ငံပါ၀င္ေသာအြန္လိုင္းအစည္းအေ၀သို႔တက္ေရာက္ရန္ ဖိတ္ၾကားမႈမရေသးဟု တနဂၤေႏြေန႔တြင္ ထိုင္၀မ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေျပာသည္။
 
ထိုင္၀မ္ကိုႏိုင္ငံေရးအေျခခံအေၾကာင္းျပခ်က္ျဖင့္ မဖိတ္ၾကားျခင္းသည္ လူတိုင္းအတြက္က်န္းမာေရးဆိုသည့္ အဖြဲ႕၏ေျပာဆိုမႈကိုေလွာင္ေျပာင္ရာေရာက္ေနေၾကာင္း ၀န္ႀကီးဌာနကေျပာသည္။
 
တ႐ုတ္ျပည္မႀကီး၏ကန္႔ကြက္မႈေၾကာင့္ ထိုင္၀မ္သည္ WHO အပါအ၀င္ ကမာၻ႔အဆင့္အဖြဲ႔အစည္းမ်ားသို႔ တက္ေရာက္ခြင့္မရဘဲ႐ွိေနသည္။
 
Ref : Taiwan says not invited to WHO meeting after China’s ‘obstruction’
 
#PeopleMedia
 
(unicode)
WHO အစည်းအဝေးဖိတ်ကြားခံရခြင်းမရှိဟု ထိုင်ဝမ်ပြော
………………………………………
 
တိုင်ပေ၊ နိုဝင်ဘာ ၉
 
တရုတ်ပြည်မကြီးကနှောင့်ယှက်မှုများရှိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါအရေးအာရုံစိုက် ဆွေးနွေးမည်ဟုခန့်မှန်းထားသည့် ယခုတပတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)အဓိကအစည်းအဝေးကို ဖိတ်ကြားခံရခြင်းမရှိသေးဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
 
ထိုင်ဝမ်ကို WHO၏ဆုံးဖြတ်ချက်ချနိုင်သည့်အစည်းအဝေး ကမ္ဘာ့ကျန်းမာရေးညီလာခံသို့တက်ရောက်ရေး ဖိတ်ကြားရန် ဂျီနီဗာမှအမေရိကန်သံအဖွဲ့က ပြီးခဲ့သည့်တပတ်တွင် W.H.O အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆက်စ်ကို တိုက်တွန်းခဲ့သည်။
 
အဖွဲ့ဝင် ၁၉၄ နိုင်ငံပါဝင်သောအွန်လိုင်းအစည်းအဝေသို့တက်ရောက်ရန် ဖိတ်ကြားမှုမရသေးဟု တနင်္ဂနွေနေ့တွင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
 
ထိုင်ဝမ်ကိုနိုင်ငံရေးအခြေခံအကြောင်းပြချက်ဖြင့် မဖိတ်ကြားခြင်းသည် လူတိုင်းအတွက်ကျန်းမာရေးဆိုသည့် အဖွဲ့၏ပြောဆိုမှုကိုလှောင်ပြောင်ရာရောက်နေကြောင်း ဝန်ကြီးဌာနကပြောသည်။
 
တရုတ်ပြည်မကြီး၏ကန့်ကွက်မှုကြောင့် ထိုင်ဝမ်သည် WHO အပါအဝင် ကမ္ဘာ့အဆင့်အဖွဲ့အစည်းများသို့ တက်ရောက်ခွင့်မရဘဲရှိနေသည်။
 
Ref : Taiwan says not invited to WHO meeting after China’s ‘obstruction’
 
#PeopleMedia

Share this post